နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်အသင်း၏ ယူရိုပါလိဂ်ပြိုင်ပွဲကစားသမားစာရင်းတွင် အိုဇေးလ် မပါဝင်

အောက်တိုဘာ   ၉


အာဆင်နယ်အသင်းနည်းပြ အာတီတာက ယခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲအတွက် ကစားသမားစာရင်းထုတ်ပြန် ခဲ့ရာ ကွင်းလယ်ကစားသမား အိုဇေးလ် ပါဝင်ခြင်းမရှိကြောင်း သိရသည်။

အိုဇေးလ်သည် အာဆင်နယ်အသင်းနည်းပြ အာတီတာလက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်မရရှိသကဲ့သို့ လက်ရှိ ဘောလုံးရာသီတွင် ပြိုင်ပွဲစုံတစ်ပွဲမျှပါဝင်ခြင်းမရှိပေ။

အာဆင်နယ်အသင်းတွင် လုပ်ခလစာငွေအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည့် အိုဇေးလ်အနေဖြင့် ယခုနှစ် ဘောလုံးရာသီကုန်ဆုံးလျှင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

အိုဇေးလ်သည် ရီးရဲလ်မက်ဒရစ်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်း၏ အဓိက ကွင်းလယ်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒဏ်ရာရရှိမှုများနှင့်အတူ နည်းပြ အာတီတာနှင့် အဆင်မပြေမှုများရှိခဲ့ပြီးနောက် ပွဲထွက်ကစားသမားစာရင်းမှ ချန်လှပ်ခံရသည့်အပြင် ပွဲစဉ်အချို့တွင်သာ ကစားသမားစာရင်း၌ ပါဝင်ခဲ့ခြင်းဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ