နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယုံကြည်မှုတွေနဲ့ထိုက်တန်သူ ဂျရူး၊ အွန်နရီရဲ့ ဂိုးသွင်းစံချိန်မီမယ်လို့ထင်လား

အောက်တိုဘာ  ၉


ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရပေမယ့် ပြင်သစ်လက်ရွေးစင်အသင်းမှာတော့ ပုံမှန်ပွဲထွက်ခွင့်တွေရပြီး ဂိုးတွေလည်းသွင်းပေးနေတာကြောင့် နည်းပြဒက်ချမ်ရဲ့ ယုံကြည်အားကိုးမှုလည်း ခံနေရသူပါ။ ပြင်သစ်နဲ့ယူကရိန်းတို့ရဲ့ပွဲစဉ်မှာ ဂျရူးက ပြင်သစ်အတွက် သွင်းဂိုး ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ်လက်ရွေးစင်အသင်းသမိုင်းမှာ ဒုတိယမြောက် ဂိုးသွင်းအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ဒီပွဲဟာ ဂျရူးရဲ့ ပြင်သစ်လက်ရွေးစင်အဖြစ် ပါဝင်ကစားပေးတဲ့ပွဲ ၁၀၀ ပြည့်မြောက်တဲ့ပွဲလည်းဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဂျရူးက သူဟာ ယုံကြည်မှုတွေနဲ့ထိုက်တန်သူတစ်ဦး ဖြစ်ကြောင်း အမြဲလိုလို ကစားပြလေ့ရှိပါတယ်။ ယူကရိန်းအသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဂျရူးဟာ ပြင်သစ်လက်ရွေးစင်ရဲ့ ဂန္ထဝင်ကစားသမားဖြစ်တဲ့ ပလာတီနီရဲ့ ၄၁ ဂိုးကို ကျော်ဖြတ်ကာ ၄၂ ဂိုးနဲ့ အသင်းရဲ့ ဒုတိယမြောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ သမိုင်းတစ်လျှာက်မှာတော့ ဂိုးအများဆုံးသွင်းယူပေးထားတဲ့ ကစားသမားကတော့ ဂန္ထဝင်တိုက်စစ်မှူး အွန်နရီဖြစ်ကာ စုစုပေါင်း ၅၁ ဂိုးအထိ သွင်းယူပေးထားပါတယ်။ လက်ရှိ ပြင်သစ်အတွက် ယုံကြည်မှုတွေနဲ့ ထိုက်တန်သူ ဂျရူးတစ်ယောက် လက်ရွေးစင်အသင်းမှာ ဆက်လက်ပါဝင်ပြီး ဂိုးတွေဆက်သွင်းနေမယ်ဆိုရင် ဂန္ထဝင်ကစားသမားကြီး အွန်နရီရဲ့စံချိန်ကို လိုက်မီနိုင်မယ်လို့ ထင်မိပါတယ်။    (SO)






အခြားဆက်စပ်သတင်းများ