နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ပယ်ချတာက ဒမ်ဘီလီ၊ ဒေါသထွက်တာက ဘာစီ

အောက်တိုဘာ  ၉


အပြောင်းအရွှေ့ဈေးကွက်ကတော့ ပိတ်သိမ်းသွားပါပြီ။ ယူနိုက်တက်တို့လည်း ဗန်ဒီဘိခ်ကိုသာ အစောဆုံး ခေါ်နိုင်ခဲ့ပြီး ဒမ်ဘီလီကယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တာကြောင့် ယူနိုက်တက်တို့ Dead Line Day ရောက်မှသာ ကစားသမားလေးယောက် အပြေးအလွှားအရခေါ်ခဲ့ရပါတယ်။ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ဒမ်ဘီလီကို ဘာစီလိုနာတို့ ဒေါသချောင်းချောင်းထွက်နေပါပြီ။ ဒမ်ဘီလီကို မန်ယူကိုရောင်းပြီး ဘာစီတို့က မန်ဖစ်ဒီပိုင်းကိုခေါ်ယူမဲ့အစီအစဉ်တွေအားလုံးပျက်စီးခဲ့ရပါတယ်။ ယူနိုက်တက်က ဆန်ချိုကို ညှိနှိုင်းမရတော့ Davids Brooks ၊ အိုင်ဗန်ပါရီဆစ်၊ ဒေါက်ကလပ်ကော်စတာနဲ့ ဒမ်ဘီလီတို့ကို ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ညာတောင်ပံအတွက် ဒမ်ဘီလီကို အငှားခေါ်ယူချင်ခဲ့တာပါ။ ယူနိုက်တက်က ကမ်းလှမ်းတော့ ပြင်သစ်သား ဒမ်ဘီလီကငြင်းပယ်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန် နေရတဲ့ ဒမ်ဘီလီဟာ နည်းပြ ကိုးမန်းရဲ့ ဦးစားပေးတိုက်စစ်ကစားသမားမဟုတ်ပါဘူး။ ကစားသမားကသာ နူးကမ့်ကို လမ်းခွဲလိုချင်းမရှိဘူးလို့ သိရပါတယ်။ ဒမ်ဘီလီ အသင်းကထွက်ခွာရင် ကိုးမန်းက ယူနိုက်တက် ကစားသမားဟောင်း ဒီပိုင်းကို Deadline day မှာ ခေါ်ယူဖို့ စီစဉ်ထားခဲ့ပါတယ်။ ခုတော့ ဘာစီတို့ ဒမ်ဘီလီကိုသာ ဒေါသတွေပုံအောလို့နေပါပြီ။     (SO)






အခြားဆက်စပ်သတင်းများ