နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စျေးမလျှော့တဲ့အသင်းနဲ့ စျေးတိုးမပေးချင်တဲ့ အသင်းနှစ်သင်းကြားက ကစားသမားလေး

အောက်တိုဘာ  ၈


ဒေါ့မွန်အသင်းက လူငယ်ကစားသမားလေးကို ခေါ်ယူဖို့ မန်ယူတို့ ကြိုးစားညှိနှိုင်းခဲ့တာ စျေးကွက်စဖွင့်ကတည်းကပါ။ ခုတော့ ကစားသမားလေးဆန်ချိုနဲ့ သူ့ရဲ့ကိုယ်စားလှယ်တွေက မန်ယူကို ပြောင်းဖို့ကိစ္စရပ်တွေ ပျက်ပြယ်သွားခဲ့တာကြောင့် စိတ်ပျက်နေကြပါပြီ။ ဆန်ချိုကိုယ်တိုင်မန်ယူကို ပြောင်းချင်တာ၊ သူကိုယ်တိုင် သဘောတူခဲ့တာပါ။ ခုတော့ မန်ယူက ဒေါ့မွန်တို့ တောင်းဆိုတဲ့ ယူရိုသန်း ၁၂၀ ကို ပေးချေလိုခြင်းမရှိတာကြောင့် ကိစ္စအားလုံးပျက်ပြယ်ခဲ့ရပါတယ်။ မန်ယူက ကိုရိုနာကပ်ဆိုးကြောင့် စျေးလျှော့ပေးဖို့ မျှော်လင့်နေခဲ့ပြီး  ကနဦး ပေါင် ၆၅ သန်းသာပေးချေလိုပြီး နောက်ထပ်ပြောင်းရွှေ့ကြေး အပိုအနေနဲ့ ပေါင် ၄၅ သန်း ပေးချေလိုတာပါ။ ဒါကို ဒေါ့မွန်တို့က ပယ်ချပါတယ်။ တစ်ခါ မန်ယူက  ပေါင်သန်း ၉၀ အထိ ကမ်းလှမ်းသော်လည်းဒေါ့မွန်တို့က ထပ်မံပယ်ချပြန်ပါတယ်။ ဒေါ့မွန်က သူတို့ သတ်မှတ်ထားတဲ့ပေါင် ၁၀၈ သန်းလျော့ပြီး လက်ခံခြင်းမရှိပါဘူး။ ဆန်ချိုကတော့ အသင်းက ထွက်ခွာခွင့် တောင်းခံခြင်းမရှိပါဘူး။ ဒေါ့မွန်တို့ကလည်း ကိုရိုနာကပ်ဆိုးမတိုင်ခင်ကတည်းက ဒီစျေး သတ်မှတ်ထားတာပါတဲ့။ ဒေါ့မွန်က သူတို့ကစားသမားဆန်ချိုကို စိတ်ဝင်စားနေတာက မန်ယူအပြင် လာလီဂါက ကလပ်တစ်ခုလည်းရှိသေးပါတယ်လို့ ဆိုပါတယ်။ မန်ယူတို့ကလည်း နောက်ထပ်စျေးတိုးမပေး သလို ဒေါ့မွန်တို့ကလည်း စျေးမလျှော့တာတွေကြောင့် ပြောင်းရွှေ့စျေးကွက်သာ ပိတ်သွားတယ် ကစား သမားလေးဆန်ချိုကတော့ ဒုံရင်းအတိုင်း ဒေါ့မွန်မှာပဲဆက်ရှိမှာပါ။                      (SO)






အခြားဆက်စပ်သတင်းများ