နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြိုင်ဘက်အသင်းတွေကို အိပ်မက်ဆိုးတွေပေးနေတဲ့ လူငယ်တိုက်စစ်မှူးလေး ကယ်ဗတ်လီဝင်

အောက်တိုဘာ ၈


လက်ရှိ ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားတာကတော့ အဲဗာတန်အသင်းဘဲဖြစ်ပါတယ်။ ၄ ပွဲကစား ၄ ပွဲနိုင်နေတဲ့ အဲဗာတန်အသင်းရဲ့ အဓိကကစားသမားရစ်ချာလီဆန်က သူ့ရဲ့အသင်းဖော်တိုက်စစ်မှူးကယ်ဗတ်လီဝင်ကို ချီးကျူးနေပါတယ်။ အဲဗာတန်မှာ ကယ်ဗတ်လီဝင်၊ ရစ်ချာလီဆန်နဲ့ ဂျိမ်းဒရီဂွတ်စ်တို့ရဲ့ တိုက်စစ်အတွဲက အတော်အောင်မြင်နေခဲ့ပါတယ်။ အသင်းအတွက် သွင်းဂိုးတွေရဖို့ ဖန်တီးနိုင်စွမ်းရှိနေကြပါတယ်။ အသက် ၂၃ နှစ်သာရှိသေးတဲ့ ကယ်ဗတ်လီဝင်ရဲ့ ခြေစွမ်းပိုပြီးအားရစရာ ကောင်းပါတယ်။ လီဝင်ဟာ အသင်းရဲ့ပြိုင်ပွဲစုံ ၆ ပွဲအထိ ပါဝင်ကစားထားပြီး သွင်းဂိုး ၉ ဂိုးရအောင် စွမ်းဆောင်ထားသူပါ။ ဒါကြောင့် တစ်ပွဲပျမ်းမျှ ၁ ဒသမ ၅ ဂိုးနှုန်းနဲ့ ဂိုးသွင်းနိုင်စွမ်းရှိနေတဲ့အတွက် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ဖို့ ရွေးချယ်ခံထားရသူပါ။ ရစ်ချာလီဆန်က “ကယ်ဗတ်လီဝင်ဟာ သူနဲ့စတွေ့ဆုံချိန်က ကစားသမားမျိုးမဟုတ်တော့ဘဲ စီရော်နယ်ဒိုလိုတစ်ဖက်အသင်း ခံစစ်ကြောင်းတွေကို အိပ်မက်ဆိုးတွေပေးနိုင်တဲ့ ကစားသမားဖြစ်နေပါပြီ”လို့ ပြောဆိုခဲ့ပါတယ်။ ချာလီဆန်ကပဲ “လီဝင်ရဲ့ ခြေစွမ်းဟာ အတော်အထင်ကြီးစရာကောင်းပါတယ်။ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်နေပါပြီ။ ဒါတွေဟာ သူ့ရဲ့ကြိုးစားမှုတွေကြောင့်ပါပဲ။ သူက နေ့တိုင်းအဆုံးသတ်တွေ ပိုကောင်းအောင်လေ့ကျင့်တယ်။ သူဟာ ဒီရာသီကိုကောင်းမွန်တဲ့ ခြေစွမ်းနဲ့စတင်ခဲ့တာကြောင့် ပြိုင်ဘက်တွေအတွက်တော့ အိပ်မက်ဆိုး တစ်ခုဖြစ်လာမှာ သေချာပါတယ်”လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။                                                          (SO)






အခြားဆက်စပ်သတင်းများ