နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အနာဂတ်နှင့်ပတ်သက်၍ ဆုံးဖြတ်မည်ဟု ဂျရူးဒ် ပြော

အောက်တိုဘာ  ၈


ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျရူးဒ်က လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မိမိအနာဂတ်နှင့် ပတ်သက်၍ ဆုံးဖြတ်သွားမည်ဟု ပြောကြားခဲ့သည်။

ဂျရူးဒ်အနေဖြင့် ပြီးခဲ့သည့်ဘောလုံးရာသီ ပြီးဆုံးခါနီးတွင် အသင်းတိုက်စစ်ပိုင်း၌ အေဘရာဟမ်နှင့် လော့ပ်တပ်ချိတို့ ဒဏ်ရာရရှိနေချိန်တွင် နည်းပြလမ်းပတ်၏ ယုံကြည်မှုနှင့်အတူ ပွဲထွက်ခွင့်ရရှိခဲ့ပြီး အကောင်း ဆုံး ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် အသင်းနှင့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။

သို့သော် ယခုနှစ် အပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်း တိုက်စစ်ပိုင်းတွင် ဟာဗက်၊ တီမိုဝါနာနှင့် ဇီယက်တို့ရောက်ရှိလာခဲ့သလို အသင်းတိုက်စစ်မှူး အေဘရာဟမ်တို့နောက်တွင် ဂျရူးဒ်အနေဖြင့် ပွဲထွက်ခွင့် ရရှိရန် မသေချာတော့ပေ။

လူငယ်ကစားသမားများကို ဦးစားပေးအသုံးပြုနေသည့် နည်းပြ လမ်းပတ်၏လက်အောက်တွင် ဂျရူးဒ်အနေဖြင့် တတိယဦးစားပေးကစားသမားအဖြစ်သာရှိနေသည့်အတွက် လာမည့် ဇန်နဝါရီအပြောင်း အရွှေ့ကာလတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ