နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးအသင်း မဖြစ်မနေ ဂိုးသမားတစ်ဦးခေါ်ယူသင့်ကြောင်း ဝါရင့်နည်းပြကြီး ဟယ်ရီရက်နပ်ဒ်ပြော

အောက်တိုဘာ ၈


လီဗာပူးအသင်းရဲ့ နံပါတ်တစ်ဂိုးသမားအဲလစ်ဆန်ဒဏ်ရာကြောင့် ၆ ပတ်ခန့်နားရမှာဖြစ်ပြီး အရန်ဂိုးသမားအက်ဒရီယန်ရဲ့ လက်စွမ်းကလည်း ဆိုးရွားနေတာကြောင့် လီဗာပူးအသင်းအနေနဲ့ ဂိုးသမား တစ်ဦးခေါ်ယူသင့်ကြောင်း အင်္ဂလန်ဝါရင့်နည်းပြကြီး  ဟယ်ရီရက်နပ်ဒ်ကပြောကြားခဲ့ပါတယ်။ ခေါ်ယူသင့်တဲ့ ဂိုးသမားကတော့ မန်ယူဂိုးသမား ရိုမဲရိုးပဲဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ရိုမဲရိုးဟာ မန်ယူရဲ့ ဒုတိယဂိုးသမားနေရာက ဂိုးသမားပါ။ လက်ရှိ လူငယ်ဂိုးသမားဟန်ဒါဆန်ရောက်  လာတာကြောင့် တတိယဦးစားပေးဖြစ်သွားပါတယ်။ ဒါကြောင့် မန်ယူကနေ ထွက်ခွာခွင့်ရထားတဲ့ ကစားသမားပါ။ ရိုမဲရိုးဟာ ဒီရာသီကုန်မှာ မန်ယူနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ ရောင်းဖို့ မန်ယူတို့ကြိုးစားခဲ့ကြပါတယ်။ လက်ရှိမှာ ရိုမဲရိုးကို အဲဗာတန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဝါရင့်နည်းပြကြီးကတော့ လက်ရှိမှာ ရိုမဲရိုးကိုလိုအပ်နေတာဟာ အဲဗာတန်မဟုတ်ဘဲ လီဗာပူးသာဖြစ်တယ်လို့ ဆိုသွားပါတယ်။ ရက်နပ်ဒ်က “ခင်ဗျားတို့ တွေးကြည့်စမ်းပါ။ သူက လီဗာပူးကို ပြောင်းသင့်တဲ့ကစားသမားပါ။ လီဗာပူးကလည်း ဂိုးသမားတစ်ဦးလိုပါတယ်။ သူတို့က အဲဗာတန်ထက် လက်ရှိမှာ ဂိုးသမားတစ်ဦးကို ပိုပြီးလိုအပ်နေတဲ့အသင်းပဲဖြစ်ပါတယ်။”လို့ ပြောကြားသွားခဲ့ပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ