နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြွေးမြီကြောမှာ နစ်မျောနေတဲ့ ဘာစီလိုနာ၊ စီမံခန့်ခွဲမှုတွေလွဲနေတဲ့ ဥက္ကဌဘာတိုမြူနဲ့ ဘုတ်အဖွဲ့

အောက်တိုဘာ ၈


ဘာစီလိုနာအသင်းဟာ ကမ္ဘာ့အချမ်းသာဆုံး ၃ သင်းထဲမှာ ပါဝင်နေခဲ့တဲ့အသင်းပါ။ ဘဏ္ဍာရေး အင်အားလည်း တောင့်တင်းခဲ့တဲ့အသင်းပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေကဖြစ်ပေါ်ခဲ့တဲ့ စီမံခန့်ခွဲမှုအလွဲ တွေဖြစ်တဲ့ ကစားသမားခေါ်ယူရာမှာ တန်ကြေးထက် ပိုမိုပေးချေခဲ့တာတွေ၊ ကစားသမားတွေကို မြင့်မားတဲ့ လုပ်ခလစာပေးချေခဲ့တာတွေကြောင့်ရယ်၊ ၂၀၁၉ ဇွန်လကနေ ၂၀၂၀ ဇွန်လအတွင်း   COVID-19 ရဲ့ရိုက်ခတ်မှုတွေကြောင့်ရယ်တို့ကြောင့် အသင်းရဲ့ဝင်ငွေများစွာလျော့နည်းသွားသလို အသင်းရဲ့ ကြွေးမြီတွေက နှစ်ဆလောက်ထိ ခုန်တက်သွားပါတယ်။ အသင်းတွေရဲ့ စီမံခန့်ခွဲမှုအမှားတွေဟာ သိသာစွာ မြင်ရလေ့မရှိပါဘူး။ ဘောလုံးကွင်းထဲကို ကိုဗစ်ကြောင့် ပရိသတ်တွေမဝင်ရောက်ရတာဟာလည်း ဘာစီအသင်းရဲ့ဝင်ငွေက အတော်လျော့နည်းခဲ့ပါတယ်။ ဒီအချိန်ကြတော့ အသင်းရဲ့ဘဏ္ဍာရေးပိုင်းစီမံခန့်ခွဲမှုအလွဲတွေကို သိသာစွာမြင်လာရပါပြီ။ စပိန်သတင်းဌာန Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီရဲ့ကြွေးမြီစုစုပေါင်းဟာ ၂၀၁၉ ခုနှစ်မှာ ယူရို ၂၁၇ သန်းရှိပေမယ့် ၂၀၂၀ ဇွန်လမှာတော့ ၄၈၈ သန်းထိ ရှိလာတယ်လို့ သိရပါတယ်။ လက်ရှိဘုတ်အဖွဲ့ကတော့ အသင်းရဲ့ဘဏ္ဍာငွေ ယခင်လိုတောင့်တင်းစေဖို့  အသင်းမှာရှိတဲ့ လုပ်ခလစာမြင့် ကစားသမားတွေကိုရောင်းထုတ်ပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့ ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် ဘာစီရဲ့ ပရိသတ်တွေကတော့ အသင်းရဲ့ဘုတ်အဖွဲ့ကို အယုံ အကြည်မရှိတော့ဘဲ လာမယ့်နှစ်ရွေးကောက်ပွဲမတိုင်မီ ဘုတ်အဖွဲ့ဝင်တွေကို ရာထူးကနေနုတ်ထွက်ဖို့ တောင်းဆိုနေကြပါတယ်။ အသင်းဥက္ကဋ္ဌဘာတိုမြူကိုလည်း ရာထူးကနေနုတ်ထွက်ဖို့ ပရိသတ် ၁၃၀၀ ကျော်တို့က တောင်းဆိုနေပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ