နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၅ သန်းကျော် ရှိလာ

အောက်တိုဘာ  ၈၊ ရီယိုဒီဂျနေးရိုး


ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၅ သန်းကျော် ရှိလာခဲ့ပြီး သေဆုံးသူ ၁၅၀၀၀၀ နီးပါးရှိလာခဲ့ကြောင်း ဘရာဇီးနိုင်ငံ အရာရှိများက ပြောသည်။ ပြီးခဲ့သည့်အင်္ဂါနေ့က ဘရာဇီးနိုင်ငံတွင် လူနာသစ် ၃၁၅၅၃ ဦး တွေ့ရှိခဲ့ရာ ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၅၀၀၀၆၉၄ ဦး ရှိလာခဲ့ကြောင်း ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။


ဘရာဇီးနိုင်ငံမှာ အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့ပြီးနောက် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသည့်နိုင်ငံဖြစ်သည်။ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက အသွားအလာ ကန့်သတ် တားဆီးရေး စည်းမျဉ်းများထုတ်ပြန်ခိုင်းသည့် ကျွမ်းကျင်ပညာရှင်များ၏ အကြံပေးချက်ကို လျစ်လျူရှုပြီး ကပ်ရောဂါကာလတစ်လျှောက်လုံး ရောဂါကူးစက်ပျံ့နှံ့မှုအန္တရာယ်ကို လျှော့တွက်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။


ပိတ်ဆို့မှုစည်းမျဉ်းများကို ဆန့်ကျင်ပြီး စီးပွားရေးကို အာရုံစိုက်သည့် ယင်း၏ဆုံးဖြတ်ချက်မှာ သဘောထား ကွဲလွဲစရာ ဖြစ်ခဲ့သည်။ ဆော်ပေါ်လိုပြည်နယ်မှာ ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသည့်ပြည်နယ်ဖြစ်ပြီး သေဆုံးသူ ၃၆၀၀၀ နီးပါး ရှိနေကာ ရီယိုဒီဂျနေးရိုးမြို့တွင် သေဆုံးသူ ၁၉၀၀၀ နီးပါး ရှိနေသည်။                                                                                                                 


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ