နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇယားထိပ်ရောက်နေတဲ့ အဲဗာတန်တို့ ကစားသမားအင်အားထပ်မံဖြည့်တင်း

အောက်တိုဘာ ၇


ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲအပြီးမှာ အဲဗာတန်တို့ဇယားထိပ်ကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဗာတန်ခံစစ်မှူးတွေဖြစ်တဲ့ မေဆန်ဟောလ်ဂိတ်နဲ့ ဂျေဆန်ဘရတ်ဝိတ်သ်တို့ ဒဏ်ရာရရှိသွားတာကြောင့် နည်းပြအန်ဆယ်လော့တီဟာ ခံစစ်မှူးတစ်ယောက်အလျင်အမြန်ခေါ်ယူခဲ့ရပါတယ်။ အဲဗာတန်ဟာ နော်ဝှစ်နောက်ခံလူ ဘန်ဂေါ့ဖရေးကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း၊  ဆုကြေး ၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဂေါ့ဖရေးဟာ အန်ဆယ်လော့တီရဲ့ ၅ ယောက်မြောက်ခေါ်ယူခဲ့တဲ့ ခံစစ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။ ဂေါ့ဖရေးက “အဲဗာတန်အသင်းနဲ့ စာချုပ်ချုပ်ဆိုခွင့်ရပြီး ကြီးကျယ်တဲ့အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခွင့်ရတာကို ဂုဏ်ယူမိပါတယ်။ ပွဲကစားခွင့်ရဖို့လဲ မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က အဲဗာတန်နဲ့အတူ နိုင်ပွဲနဲ့ ဆုဖလားတွေရယူသွားဖို့ပါ” ဂေါ့ဖရေးဟာ မိုက်ကယ်ကိန်း၊ ယူရီမီနာတို့နဲ့ နေရာတစ်နေရာအတွက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂေါ့ဖရေးဟာ ခံစစ်မှာသာမက ကွင်းလယ်မှာပါကစားနိုင်သူပါ။ “ကျွန်တော် အဲဗာတန်အသင်းသားတွေနဲ့ အလုပ်တွဲလုပ်ရတာဝမ်းသာပါတယ်။ ဒီအသင်းနဲ့အတူ ကောင်းမွန်တဲ့အချိန် တွေပိုင်ဆိုင်မယ်လို့ မျှော်လင့်ပါတယ်။ မန်နေဂျာ အယ်ဆယ်လောတီက အကောင်းဆုံးခံစစ်မှူးတွေနဲ့  လက်တွဲအလုပ်လုပ်ခဲ့သူပါ။ သူ့ဆီကနေ ကျွန်တော်အများကြီးသင်ယူရမယ်၊ သူက ကျွန်တော့်ကို  တိုးတက်အောင် ကျွန်တော်လိုချင်တဲ့အခြေအနေ၊ အနေအထားထိရောက်အောင် ကူညီပေးပါလိမ့်မယ်”လို့ ဂေါ့ဖရေးက  ပြောပြပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ