နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူး ကွင်းလယ်ကစားသမား ရှာကွီရီ COVID-19 ရောဂါ ကူးစက်ခံရ

အောက်တိုဘာ  ၇


လီဗာပူးအသင်း ကွင်းလယ်ကစားသမား ရှာကွီရီသည်  COVID-19 ရောဂါ ကူးစက်ခံထားရပြီးနောက် ဆွစ်ဇာလန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးနိုင်မည်မဟုတ်ကြောင်း သိရသည်။

ယင်းသည် COVID-19 ရောဂါကူးစက်ခံရမှုကြောင့် Self-isolation ပြုလုပ်ကာ ကျန်းမာရေးစောင့်ရှောက် မှုခံယူသွားရမည်ဖြစ်သည်။

ဆွစ်ဇာလန်အသင်းသည် UEFA Nations League ပြိုင်ပွဲကစားရမည်ဖြစ်ပြီး ယင်းပွဲစဉ်မတိုင်မီ ချစ်ရည်ရေး ခြေစမ်းပွဲကစားမည်ဖြစ်ကာ အဆိုပါပွဲစဉ်များအတွက် ရွေးချယ်ထားသည့် ကစားသမားများကို ဆေးစစ်ခဲ့ရာ၌ ရှာကွီရီအနေဖြင့် ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရှာကွီရီသည် COVID-19 ရောဂါ Positive ထွက်ပေါ်ခဲ့သည့်အတွက် လက်ရွေးစင်အသင်းမှ နုတ်ထွက်သွား ကြောင်း ဆွစ်ဇာလန်နည်းပြ ပက်ထရိုဗစ်က ပြောကြားခဲ့သည်။

ဆွစ်ဇာလန်အသင်းသည် ချစ်ကြည်ရေးခြေစမ်းပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး UEFA Nations League ပွဲစဉ်အဖြစ် စပိန်အသင်း၊ ဂျာမနီအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။              

(သူရိန်)






အခြားဆက်စပ်သတင်းများ