နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀ နှစ်ကုန်တွင် COVID-19 ကာကွယ်ဆေး အသင့်ဖြစ်နိုင်သည်ဟု WHO အကြီးအကဲ ဆို

  အောက်တိုဘာ  ၇၊  ဂျီနီဗာ


၂၀၂၀ ပြည့်နှစ်အကုန်တွင် COVID-19 ကာကွယ်ဆေး အဆင်သင့်ဖြစ်နိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် အကြီးအကဲက ပြောသည်။ COVID-19 ကာကွယ်ဆေးရရှိပါက အညီအမျှ ခွဲဝေ၊ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်များ စည်းလုံးညီညွတ်ကြရန်၊ နိုင်ငံရေးကတိကဝတ်ပြုကြရန် WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ်က WHO အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးတွင် ပြောခဲ့သည်။


ဥရောပသမဂ္ဂ၏ ကျန်းမာရေးစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ပြီးခဲ့သည့်ရက်သတ္တပတ်တွင် AstraZeneca ဆေးဝါးကုမ္ပဏီ၏ AZN.L ကာကွယ်ဆေးကို သုံးသပ်ခဲ့သည်ဟု ပြီးခဲ့သည့်အင်္ဂါနေ့တွင် အမေရိကန်ဆေးကုမ္ပဏီ Pfizer ၏ PFE.N  ဆေးဝါးနှင့် ဂျာမနီဆေးကုမ္ပဏီ BioNTech ၏ 22UAy.F ဆေးဝါးကို အချိန်နှင့်တပြေးညီ သုံးသပ်နေသည်ဟု ကြေညာခဲ့သည်။ ဥရောပဆေးဝါးအေဂျင်စီ(EMA)၏ ကြေညာချက်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် အောင်မြင်သည့် ဆေးဝါးကို ထိုးနှံ့ခွင့်ပြုပေးမည့် လုပ်ငန်းစဉ်ကို အချိန်မြန်ဆန်စေလာဖွယ် ရှိသည်။


လက်ရှိအချိန်တွင် စမ်းသပ်ဆဲ ကာကွယ်ဆေး ၉ မျိုးမှာ WHO ဦးဆောင်သည့် COVAX ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့အစည်းလက်အောက်တွင် ရှိနေသည်။ COVAX ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့အစည်းက ၂၀၂၁ ခုနှစ်အကုန်တွင် ဆေးအဖုံ ၂ ဘီလျံအထိ ဖြန့်ဖြူးပေးနိုင်ရန် ရည်မှန်းထားသည်။ COVAX ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့အစည်းတွင် နိုင်ငံပေါင်း ၁၆၈ နိုင်ငံ ပါဝင်သော်လည်း တရုတ်၊ အမေရိကန်နှင့် ရုရှားနိုင်ငံတို့ ပါဝင်ခြင်းမရှိပေ။                                                                                                                            


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ