နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောင်လအန်ဆန်၏ ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲကို အောက်တိုဘာ ၃၀ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၇


One Championship ပြိုင်ပွဲကို အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံသား၊ ချန်ပီယံခါးပတ် ၂ ခုပိုင်ရှင် အောင်လအန်ဆန်က မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲကို ယှဉ်ပြိုင်ထိုးသတ်သွားမည်ဟု One Championship မှ ကြေညာလိုက်သည်။

အဆိုပါပြိုင်ပွဲကို စင်ကာပူနိုင်ငံတွင်ကျင်းပမည်ဖြစ်ရာ ချန်ပီယံခါးပတ်လုပွဲ ၄ ပွဲ ပါဝင်မည်ဖြစ်ပြီး မြန်မာ့စပါးအုံးဟု တင်စားခေါ်ဝေါ်ကြသည့် အောင်လအန်ဆန်က ဟော်လန်သိုင်းပေါင်းစုံကစားသမား ဒီရစ်ဒါနှင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲ ထိုးသတ်သွားမည်ဖြစ်သည်။

အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဒီရစ်ဒါသည် ဂျူဒိုခါးပတ်အနက် ပိုင်ဆိုင်ထားပြီး ၁၂ ပွဲထိုး၊ ၁၂ ပွဲနိုင်မှတ်တမ်းရှိသည့်အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဘရာဇီးဂျူဂျစ်ဆုကမ္ဘာ့ချန်ပီယံ(၅)ကြိမ်  ဆွတ်ခူးခဲ့သူ လီယန်ဒရိုအက်တိုင်ဒက်စ်ကိုလည်း အနိုင်ရရှိထားသူဖြစ်သည်။

ယခုကဲ့သို့ကျင်းပမည့် One Championship ပြိုင်ပွဲကို ONE: Inside the Martix ဟု အမည်ပေး ထားပြီး အောင်လအန်ဆန်နှင့် ဒီရစ်ဒါတို့ပွဲအပြင် ဖယ်သာဝိတ်၊ လိုက်ဝိတ်နှင့် စထရောဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲများလည်း ပါဝင်မည်ဟု One Championship မှ ထုတ်ပြန်ကြေညာထားသည်။


ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ