နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူရင်မှာ ကန်ရမယ့်ပွဲမှာ နာပိုလီအသင်းကို ကိုဗစ်က ကန်လိုက်လို့ ဂျူဗင်အနိုင်ရ

အောက်တိုဘာ  ၆


ဂျူဗင်တို့ရဲ့ တူရင်မြေမှာ နာပိုလီတို့လာရောက်ကစားရမယ့်ပွဲဟာ နာပိုလီတို့အချိန်မီရောက်မလာတာကြောင့် ဂျူဗင်တို့ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က နာပိုလီအသင်းဟာ ဂျီရိုနာအသင်းနဲ့ ကစားခဲ့ရပါတယ်။ နောက်ပိုင်း ဂျီရိုနာအသင်းမှာ ကိုဗစ်ကူးစက်ခံနေရသူ ၂၂ ဦးထိရှိနေကြောင်း သိရှိရ ပါတယ်။ နာပိုလီအသင်းနဲ့ ဂျူဗင်အသင်းတွေမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ ဦးစီရှိနေပါတယ်။ ဒါကြောင့် နေပယ်မြို့ဒေသခံတွေက တူရင်ကို မသွားဖို့တားမြစ်ခဲ့တာပဲဖြစ်ပါတယ်။  နေပယ်မြို့ရဲ့ကျန်းမာရေး အာဏာပိုင်အဖွဲ့အစည်း ASL ကလည်း နာပိုလီကို ဂျူဗင်တပ်တို့ထံသွားရောက်ကစားဖို့ ခွင့်မပြုခဲ့ပါဘူး။ ဂျူဗင်ဥက္ကဋ္ဌ အန်ဒီရီယာက “ဒီအခြေအနေတွေအတွက် စည်းကမ်းတွေထုတ်ထားပါတယ်။ ဒီလိုအခြေ အနေမျိုးဆိုရင် ကျွန်တော်တို့ ဆေးစစ်မှုပုံမှန်လုပ်သွားပြီး ပုံမှန်လေ့ကျင့်ခန်းဆင်းစေရပါမယ်။ CTS နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ကောင်းမွန်စွာလက်တွဲ လုပ်ရမှာတွေ ထုတ်ပြန်ပေးထားပါတယ်။ ကျွန်တော် တို့မှာလည်း ၂ ယောက်ရှိပါတယ်။ စည်းမျဉ်းတွေအတိုင်းလုပ်ဆောင်ပြီး ပွဲကစားဖို့အသင့်ဖြစ်နေပါပြီ”လို့  ပြောဆိုခဲ့ပါတယ်။ နာပိုလီတို့က ပွဲရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ပေမယ့် အန်ဒီရီယာက လက်မခံခဲ့ကြောင်း သိရပါ  တယ်။ ဂျူဗင်တပ်အသင်းက သူတို့ရဲ့ အိမ်ကွင်းဆီကို တစ်နာရီကြိုရောက်နေပြီး ပွဲထွက်လူစာရင်းတောင် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ