နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Scottish Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အာရွန်ရိုင် ချန်ပီယံဆုဆွတ်ခူး

အောက်တိုဘာ  ၆


စကော့တလန်နိုင်ငံ၌ ကျင်းပခဲ့သည့် Scottish Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အင်္ဂလန်ဂေါက်သီးရိုက် ကစားသမား အာရွန်ရိုင်က ချန်ပီယံဆုဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

အာရွန်ရိုင်သည် သတ်မှတ်ရိုက်ချက်ထက် ၁၁ ချက်လျှော့ရိုက်ကာ နောက်ဆုံးနေ့တွင် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သကဲ့သို့ တစ်နိုင်ငံတည်းသား ဖလက်ဝုဒ်ကလည်း ၁၁ ချက် လျှော့ရိုက်နိုင်ခဲ့သောကြောင့် ချန်ပီယံဆုအတွက် Play-Off ကစားခဲ့ရာ ယင်းက လေးချက်ဖြင့် ကျင်းဝင်အောင် ရိုက်နိုင်ခဲ့၍ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

“မယုံကြည်နိုင်လောက်တဲ့ ရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်။ အခုလို ချန်ပီယံဖြစ်လာမယ်လို့ မျှော်လင့် မထားပါဘူး။ ဒါပေမဲ့ ထင်မှတ်မထားတာတွေဖြစ်လာခဲ့ပြီးနောက် ကျွန်တော့်အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ထင်မှတ်မထားတဲ့အောင်မြင်မှုကို ရရှိခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်ဂေါက်သီးရိုက် ကစားသမားတစ်ယောက်အတွက် ဆုဖလားဟာ သိပ်အရေးပါပါတယ်။ အခုကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေမယ့် ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ ရှေ့ဆက်အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားမှာပါ”ဟု အာရွန်ရိုင်က ပြောကြားခဲ့သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ