နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြီးခဲ့တဲ့ရာသီက ဂိုးသွင်းစက်ကြီး ဒီရာသီမှာတောင်မရပ်နိုင်သေးတဲ့ လီဝန်ဒေါ့စကီး

အောက်တိုဘာ ၆


တနင်္ဂနွေနေ့က ဘွန်ဒက်လီဂါပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဟာသာဘာလင်တို့ပွဲမှာ ဘိုင်ယန် တို့က ၄-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဘိုင်ယန်ရဲ့သွင်းဂိုး ၄ ဂိုးစလုံးကိုတော့ အသင်းရဲ့ဂိုးသွင်းစက်ကြီး လီဝန်ဒေါ့စကီးတစ်ဦးတည်းသွင်းယူပေးခဲ့တာပါ။ ဘိုင်ယန်အသင်းဟာ ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲရှုံးရမှတ် ၆ မှတ်နဲ့ အဆင့် ၆ မှာရပ်တည်နေပါတယ်။ မိနစ် ၄၀ မှာ လီဝန်ဒေါ့စကီးက ဘိုင်ယန်ရဲ့ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ လီဝန်ဒေါ့စကီးက ဒုတိယဂိုးကို ခေါင်းတိုက်သွင်းရာမှာ ဂိုးသမားကာကွယ်ရင်း ပြန်ကျ လာတဲ့ဘောလုံးကို ဒေါ့စကီးကပဲ ပိတ်သွင်းခဲ့ပါတယ်။ ပွဲချိန် ၅၁ မိနစ်မှာ ဂိုးဧရိယာစပ်ကနေ ဒေါစကီးကဘဲ လှလှပပကန်သွင်းတာကြောင့် တတိယဂိုးရရှိခဲ့ပါတယ်။ နောက်ဟာသာဘာလင် ၂ ဂိုးဆက်တိုက် ချေပဂိုး တွေပြန်သွင်းခဲ့ပါတယ်။ ဒေါ့စကီးရဲ့ ဟက်ထရစ်ဂိုးဟာ ဘိုင်ယန်ရဲ့အိမ်ကွင်း ၉၈ ပွဲမှာ ၁၀၃ ဂိုးမြောက် သွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ နောက် ၅၄ မိနစ် မှာ ဟာသာဘာလင်တို့ ချေပဂိုး ၁ ဂိုးထပ်ရခဲ့ပါတယ်။ ပွဲပြီးကာနီးမှာတော့ ဘိုင်ယန်တို့ ပင်နယ်တီကန်ခွင့်ရခဲ့တာကို လီဝန်ဒေါ့စကီးကပဲ အမှားအယွင်းမရှိကန်သွင်း နိုင်ခဲ့တာကြောင့် ဘိုင်ယန်တို့ဟာသာဘာလင်ကို ၄-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ (SO)






အခြားဆက်စပ်သတင်းများ