နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟက်ထရစ်ဂိုးရှင်ဖော်ထုတ်လိုက်တဲ့ ဗီလာပါ့ခ်က ဗီလာတို့ရဲ့ ဂိမ်းပလန်

အောက်တိုဘာ ၆


ချန်ပီယံလီဗာပူးနဲ့ ဗီလာတို့ရဲ့ပွဲစဉ်မှာ ဗီလာတို့ရဲ့အိမ်ကွင်းဗွီလာပါခ်မှာ ၇-၂ ရလဒ်နဲ့ ဗီလာတို့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒီဂိမ်းပလန်အကြောင်းကို ဟက်ထရစ်ဂိုးရှင် အိုလီဝက်ကင်းစ်ထုတ်ဖော်ရာမှာ ဗီလာတို့ လီဗာပူးရဲ့အလွန်ညက်ညောတဲ့ ပရက်စင်းနဲ့ ခိုင်ခံ့တဲ့ဟိုက်လိုင်းခံစစ်ကို ဘောလုံးသုံးသပ်သူများ ချီးကျူးခဲ့ပါတယ်။ ဒီနည်းစနစ်ဟာ စွန့်စားမှုများကြောင်း စွန့်စားမှုနဲ့အမျှ ထိုက်တန်မှုရှိကြောင်း ကလော့ကဝန်ခံပြောဆိုပါတယ်။ အက်စ်တွန်ဗီလာတို့က ဒီနည်းစနစ်ရဲ့နောက်ဘက်ပိုင်းကို ပြန်တိုက် ခဲ့ပါတယ်။ ဗီလာရဲ့ ပထမဆုံးဂိုးက နောက်တန်းလေးယောက်ရဲ့ နောက်ဘက်ဘောတွေကနေရခဲ့တာပါ။ ပထမဂိုးက ဂိုးသမားရဲ့ Hospital Pass ၊ ဒုတိယဂိုးက ဂျိုးဂိုမက်စ်က ဗီလာတိုက်စစ်မှူးဝက်စ်ကင်းစ်ကို အမီလိုက်ဖို့ကြိုးစားရင်း သူ့ကို Drible ဖြတ်တာ အလွယ်တကူခံလိုက်ရတာပါ။ ဘာကလေရဲ့ ဖရီးကစ်က လီဗာပူးဘောက်စ်ထဲကို နက်ရှိုင်းစွာဝင်လာပြီး နောက်တန်းအငိုက်မိသွားချိန် ဝက်ကင်းစ်ကခေါင်းတိုက်ပြီး ဟက်ထရစ်ဂိုးသွင်းယူခဲ့တာပါ။ “သူတို့ရဲ့ခံစစ်ပိုင်း ဘယ်လောက်မြင့်မြင့် ကစားတယ်ဆိုတာ ကျွန်တော်တို့ မြင်ခဲ့ရပြီး ဂိမ်းပလန်ကတော့ သူတို့ရဲ့ဟိုက်လိုင်းနောက်ထဲကို ကြိုးစားဝင်ဖို့ပါဘဲ။ ဒါက အလုပ်ဖြစ်တယ် ဆိုတာ ခင်ဗျားတို့မြင်ခဲ့ပါတယ်။ ဒါကပေးပို့မှုလမ်းကြောင်းတွေကို ပိုပိတ်ဆို့ခဲ့တာဖြစ်ပြီး ကျွန်တော်တို့ကို သူတို့ဖြတ်ကျော်မလာနိုင်အောင် သေချာလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီခက်ခဲတဲ့အလုပ်ကို ကျွန်တော်တို့ အတူတူလုပ်ခဲ့ကြရင်းကစားပြခဲ့တာပါ။ ပွဲမတိုင်ခင်ကတော့ ဂိုးသွင်းမယ်လို့မထင်ခဲ့ပါဘူး။ ဒါပေမယ့် ပထမဂိုးရပြီး ယုံကြည်မှုရသွားကာ တိုးတက်လာပြီး အခွင့်အရေးတွေရခဲ့တာပါ။ အဆုံးပိုင်းမှာ ကျွန်တော်ဂိုးတွေပိုရသင့်တာပါ။ ဂိုးသမားနဲ့တစ်ဦးချင်းတွေ့တယ်လေ။ ခင်ဗျားက အမြဲတိုးတက်နေပြီး ဒါမျိုးဂိုးတွေ သွင်းဖို့ကျွန်တော်ကိုယ်ကိုယ်ကိုယ် အားပေးရမယ်လို့ထင်ပါတယ်”ဟု အိုလီဝက်ကင်းစ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ (SO)






အခြားဆက်စပ်သတင်းများ