နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလောမြို့နယ်၌ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိမှု

ကလော ဧပြီ ၂၇ ဧပြီ ၂၆ ရက်၊ ညနေ ၆ နာရီခွဲအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဘော်နင်းကုန်း ကျေးရွာအဝင် ကလော-ပင်လောင်း ကားလမ်း၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သန့်ဇင်ထွန်း(၂၆)နှစ် မောင်းနှင်ပြီး ဒေါ်ပန်းစိန်(၅၃)နှစ် နောက်ထိုင် လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဒေါ်ပန်းစိန် ကိုင်ဆောင်လာသော ဇစ်ဆွဲအိတ် အတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၆၀၀၀ ပြားအား သိမ်းဆည်း ရမိခဲ့သဖြင့် ည ၇ နာရီ ၁၀ မိနစ်အချိန်တွင် သန့်ဇင်ထွန်းနှင့် ဒေါ်ပန်းစိန်တို့ ၂ ဦး(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ် သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ