နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသည်းရောင်အသားဝါစီပိုးကို တွေ့ရှိခဲ့သည့် သိပ္ပံပညာရှင်သုံးဦး ဆေးပညာနိုဗယ်ဆု ဆွတ်ခူး

အောက်တိုဘာ  ၆၊ စတော့ဟုမ်း


အသည်းရောင် အသားဝါ စီပိုး (Hepatitis C)ကို ရှာဖွေတွေ့ရှိခဲ့သည့် သိပ္ပံပညာရှင်သုံးဦးမှာ ၂၀၂၀ ပြည့်နှစ်အတွက် ပေးအပ်သည့် ဆေးပညာ သို့ ဇီဝကမ္မဗေဒ ပညာရပ်ဆိုင်ရာ နိုဗယ်ဆု ဆွတ်ခူးခဲ့သည်။ ယင်းတို့၏တွေ့ရှိမှုမှာ လူသန်းပေါင်းများစွာကို အသက်ကယ်တင်နိုင်ခဲ့သည်ဟု နိုဗယ်ဆု ရွေးချယ်ရေး ကော်မတီက ပြောသည်။


အသည်းရောင်အသားဝါ စီပိုးမှာ အသည်းကင်ဆာဖြစ်စေသည့် အကြောင်းရင်းဖြစ်ပြီး အဆိုပါ ရောဂါပိုးကြောင့် လူများအနေဖြင့် အသည်းအစားထိုး ကုသမှုများ ပြုလုပ်ရခြင်းဖြစ်သည်။ ၁၉၆၀ ပြည့်နှစ် များအတွင်း သွေးအလှူရှင်များထံမှ သွေးသွင်းသူများမှာ ထူးဆန်းသည့်ရောဂါတစ်မျိုးကြောင့် အသည်းရောင် ရမ်းသည့်ဝေဒနာ ခံစားရခြင်းအပေါ် စိုးရိမ်ပူပန်ခဲ့ရသည်။


ထိုစဉ်အချိန်က သွေးသွင်းကုသခြင်းမှာ အသက် အန္တရာယ်ရှိသည့် ဂိမ်းကစားနေရသကဲ့သို့ဖြစ်ကြောင်း နိုဗယ်ဆုရွေးချယ်ရေးကော်မတီက ဆိုသည်။
နောက်ပိုင်းတွင် စေ့စပ်သေချာသည့် သွေးစစ်ဆေးမှုများကြောင့် ယနေ့အချိန်တွင် ကမ္ဘာနိုင်ငံအများအပြား၌ အဆိုပါဖြစ်ရပ်ကို အဆုံးသတ်နိုင်ခဲ့ပြီး ထိရောက်သည့် ဗိုင်းရပ်စ်သတ်ဆေးများလည်း ဖော်စပ်နိုင်ခဲ့သည်။


သို့သော် လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းတွင် အသည်းရောင် အသားဝါ စီပိုးရှိသူ သန်း ၇၀ ရှိနေပြီး နှစ်စဉ်နှစ်တိုင်း လူ ၄၀၀၀၀၀ နီးပါး သေဆုံးနေဆဲဖြစ်သည်။ ဗြိတိန်နိုင်ငံသား သိပ္ပံပညာရှင် မိုက်ကယ်ဟောက်တန်နှင့် အမေရိကန်နိုင်ငံသား သုတေသနပညာရှင် ဟာဗေးအော်တာနှင့် ချားစ်ရိုက်စ်တို့ ၃ ဦးက ဆုကြေးငွေ ခရိုနာ ၉ သန်းကို ခွဲဝေယူရမည်ဖြစ်သည်။                                                                                             


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ