နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးရုံမှပြန်ဆင်းလာချိန်တွင် COVID-19 ရောဂါကို မကြောက်ကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြော

အောက်တိုဘာ  ၆၊ ဝါရှင်တန်


COVID-19 ရောဂါပိုး ကူးစက်ခံရ၍ ဝေါ်တာရိဒ်စစ်ဆေးရုံတွင် ၃ ညကြာ ကုသမှု ခံယူခဲ့ရသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ဆေးရုံမှပြန်ဆင်းလာခဲ့ပြီး အိမ်ဖြူတော်ထံ ပြန်သွားခဲ့သည်။ ဒေါ်နယ်ထရမ့်မှာ ပြီးခဲ့သည့်တနင်္လာနေ့ညနေတွင် ဆေးရုံမှ မဆင်းခင် COVID-19 ရောဂါကို မကြောက်ကြရန် တွစ်တာပေါ်တွင် ရေးသားခဲ့သည်။


'' တော်တော်လေး နေသာထိုင်သာ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကထက်ကို ပိုပြီးနေလို့ကောင်းပါတယ်။ COVID-19 ကို မကြောက်ကြပါနဲ့။ COVID-19 က ခင်ဗျားတို့ဘဝကို ချယ်လှယ်တာမျိုး အဖြစ်မခံကြပါနဲ့''ဟု ဒေါ်နယ်ထရမ့်က ရေးသားခဲ့သည်။ မကြာမီအချိန်အတွင်း မဲဆွယ်စည်းရုံးရေး ပြန်လုပ်မည်ဟု ဒေါ်နယ်ထရမ့်က တွစ်တာတွင် ရေးသားခဲ့သည်။


သတင်းထောက်တစ်ဦးက '' သမ္မတကြီးက COVID-19 ရောဂါပိုး အကြီးအကျယ် ပျံ့နှံ့အောင်လုပ်ခဲ့တဲ့သူလား''ဟု မေးခွန်းထုတ်ခဲ့သော်လည်း ဒေါ်နယ်ထရမ့်က မီဒီယာများ၏ မေးမြန်းချက်ကို ဥပေက္ခာပြုပြီး '' အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်''ဟုသာ  ဖြေဆိုခဲ့သည်။ ဒေါ်နယ်ထရမ့်မှာ ဝေါ်တာရိဒ်စစ်ဆေးရုံမှ အိမ်ဖြူတော်သို့ ရဟတ်ယာဉ်စီးသွားခဲ့ပြီး အိမ်ဖြူတော်၏ ထရူးမန်းအိမ်ဖြူတော်လသာဆောင်ပေါ်  တစ်ဦးတည်း ဓာတ်ပုံရိုက်ခံချိန်တွင် နှာခေါင်းစည်းကို ချွတ်ခဲ့သည်။ ထို့နောက် လက်မထောင်ပြပြီး အလေးပြုခဲ့သည်။


ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အိမ်ဖြူတော်တွင် COVID-19 ရောဂါပိုး ကူးစက်ခံရသည့် ဝန်ထမ်း အများအပြားရှိခဲ့ပြီး လက်ရှိအချိန်အထိ အမေရိကန်နိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၇ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၂၁၀၀၀၀ ကျော် ရှိနေသည်။                                                                                 


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ