နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၀၂ ကာရက်ရှိသည့် စင်းလုံးချော ရှားပါးစိန်ပွင့်ကြီး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ သန်းဖြင့် လေလံအောင်

 အောက်တိုဘာ  ၆၊ ဟောင်ကောင်


အပြစ်အနာအဆာမရှိသည့် ၁၀၂ ကာရက် စိန်ဖြူမှာ ဟောင်ကောင်မြို့မှ လေလံပြပွဲတွင် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ သန်းဖြင့် လေလံအောင်မြင်ခဲ့သည်။ ရှားပါးစိန်ပွင့်ကြီးကို အမည်မဖော်လိုသူတစ်ဦးက ဖုန်းဆက် လေလံဆွဲခဲ့သည်။


COVID-19 ကပ်ရောဂါကြောင့် Sotheby လေလံကုမ္ပဏီက အဆိုပါလေလံပွဲကို အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။ ၂၀၁၈ ခုနှစ်က ကနေဒါနိုင်ငံ မိုင်းတွင်းမှ တူးဖော်တွေ့ရှိသည့် ၂၁၇ ကာရက် စိန်ပွင့်ကြီးကို သွေးလိုက်ချိန်တွင် ၁၀၂ ကာရက်ရှိပြီး အပြစ်အနာအဆာ မရှိသည့် ရှားပါးစိန်ပွင့်ကြီး ရရှိခဲ့ခြင်းဖြစ်သည်။


ကမ္ဘာပေါ်တွင် ၁၀၀ ကာရက်ထက် ကျော်လွန်ပြီး အဆိုပါစိန်ပွင့်နှင့် အရည်အသွေးတန်းတူရှိသည့် စိန်ပွင့် ၇ လုံးကိုသာ လေလံတင်ရောင်းချခဲ့ဖူးသည်။ လေလံပွဲတွင် အဆိုပါစိန်ပွင့်အတွက် ကြမ်းခင်းဈေး သတ်မှတ်ခဲ့ခြင်းမရှိပေ။ ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် စိန်ပွင့်တစ်လုံးကို ကြမ်းခင်းဈေးမသတ်မှတ်ဘဲ လေလံတင်ရောင်းချခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။


ရှားပါးစိန်ပွင့်ကို အမေရိကန်ဒေါ်လာ  ၁၅ ဒသမ ၇ သန်းဖြင့် ရရှိခဲ့ခြင်းမှာ အမြတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု အွန်လိုင်းပေါ်မှ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ကုမ္ပဏီ (77 Diamonds)၏ စီမံခန့်ခွဲမှုဒါရိုက်တာ ကော်မိုင်းက ပြောသည်။                                  


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ