နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကပ်ရောဂါကာလအတွင်း ကလေးမွေးဖွားနှုန်းမြင့်တက်စေရန် ကလေးယူသူများကို ထောက်ပံ့ကြေးပေးမည်ဟု စင်ကာပူအစိုးရ ကမ်းလှမ်း

 အောက်တိုဘာ  ၆၊ စင်ကာပူ­


COVID-19 ကပ်ရောဂါကာလတွင် ကလေးယူသူများကို ထောက်ပံ့ကြေး တစ်လုံးတစ်ခဲတည်း ပေးအပ်သွားမည်ဟု စင်ကာပူအစိုးရက ကမ်းလှမ်းထားသည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ငွေရေးကြေးရေးနှင့် အလုပ်အကိုင်အတွက် စိုးရိမ်ပူပန်နေကြ၍ စင်ကာပူနိုင်ငံသားများ ကလေးမယူကြမည်ကို အစိုးရက စိုးရိမ်နေသည်။ ကပ်ရောဂါကာလအတွင်း ကလေးယူသူများကို ပေးအပ်မည့် ထောက်ပံ့ကြေးပမာဏကို တိတိကျကျ မသိရသေးပေ။


ထို့အပြင် ကလေးစရိတ် အများအပြား ပေးအပ်သွားမည်ဟု အစိုးရက ဆိုသည်။ လက်ရှိအချိန်တွင် ကလေးစရိတ်ရရှိရန် အကျုံးဝင်သည့် မိဘများကို စင်ကာပူအစိုးရက စင်ကာပူဒေါ်လာ ၁၀၀၀၀ အထိ ထောက်ပံ့ပေးလျက်ရှိသည်။


စင်ကာပူနိုင်ငံမှာ ကမ္ဘာပေါ်တွင် ကလေးမွေးဖွားနှုန်း အနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကလေး မွေးဖွားနှုန်း မြင့်တက်လာအောင် ဆယ်စုနှစ်များစွာ ရုန်းကန်ခဲ့ရသည်။ စင်ကာပူနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် ကပ်ရောဂါကာလ ပိတ်ဆို့မှုစည်းမျဉ်းများ ချမှတ်ထားချိန်တွင် ကိုယ်ဝန်ဆောင်သူ တဟုန်ထိုးမြင့်တက်နေသော်လည်း စင်ကာပူနိုင်ငံမှာ ဆန့်ကျင်ဘက် အခြေအနေဖြစ်နေသည်။


စင်ကာပူနိုင်ငံမှာ ၂၀၁၈ ခုနှစ်က ၈ နှစ်တာကာလအတွင်း ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး အမျိုးသမီးတစ်ဦးလျှင် ကလေး ၁.၁၄ ဦးသာ မွေးဖွားခဲ့ကြောင်း တွေ့ရသည်။ ယခုနှစ်အစောပိုင်းကလည်း တရုတ်နိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းမှာ နှစ် ၇၀ ကာလအတွင်း အနိမ့်ဆုံးပမာဏအထိ ကျဆင်းခဲ့သည်။                                                                            


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ