နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Stay at Home ကာလ လစာပေးခြင်းများအတွက် Payroll Processing QR Pass များ စတင်ထုတ်ပေး

ရန်ကုန်၊  အောက်တိုဘာ ၅


ရန်ကုန်တိုင်းဒေသကြီး (Stay at Home)ကာလအတွင်း လစာပေးခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် Payroll Processing QR Pass များကို အောက်တိုဘာ ၅ ရက်နေ့မှစတင်ထုတ်ပေးလျက်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က ထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ (Stay at Home) ကာလအတွင်း ဖွင့်လှစ် လည်ပတ်ရန်  ခွင့်ပြုမထားသော စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီလုပ်ငန်းများ၏ ဝန်ထမ်းများကို  လုပ်ခလစာပေး နိုင်ရန် လိုအပ်သော တွက်ချက်မှုများ ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် Payroll Processing QR Pass များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Payroll Processing QR Pass ကို လုပ်ခလစာထုတ်ပေးရန် လိုအပ်သော မည်သည့်လုပ်ငန်း အမျိုး အစားမဆို Online မှတစ်ဆင့် ဝင်ရောက်မှတ်ပုံတင်နိုင်ပြီး တာဝန်ရှိသူ အများဆုံး ၅ ဦး အထိသာ Payroll Processing QR Pass ကို ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းကိုဆောင်ရွက်ရန် https:// QRpass. SawSawShar.gov.mm သို့ ဝင်ရောက်မှတ်ပုံတင်ရမည်ဖြစ်ပြီး ယခင် QR Pass ရရှိပြီးထားသူတွေအနေဖြင့်    ထပ်မံလျှောက်ထားရန်မလိုအပ်ကြောင်း သိရသည်။

အဆိုပါ Payroll Processing QR Pass ရရှိပြီးပါက အောက်တိုဘာလ ၆ ရက်နဲ့ ၇ ရက်တွင် သက်ဆိုင်ရာစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေကိုသွားရောက်နိုင်မည်ဖြစ်ကာ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် Payroll Process ရွေးချယ်ရမည်ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင် (သို့) စည်ပင်လုပ်ငန်းလိုင်စင် (သို့) သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုခုမှ အသိအမှတ်ပြုထုတ်ပေးထားသော လုပ်ငန်းလိုင်စင်ကို ပူးတွဲတင်ပြ ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်နှင့်ပတ်သက်၍ မေးမြန်းလို၍ဖြစ်စေ၊ အဆင်မပြေမှုတစ်စုံတစ်ရာ ရှိ၍ဖြစ်စေ ဆက်သွယ်လိုပါက ဖုန်းနံပါတ် ဝ၉-၆၉၄၈၂၀၂၄၄၊ ဝ၉-၄၀၂၇၉၀၇၄၄၊ ဝ၉-၆၇၇၇၂၇၄၀၅ သို့  ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)က ထုတ်ပြန်ထားသည်။


(မေဘယ်လ်အောင်)






အခြားဆက်စပ်သတင်းများ