နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်္ဂလန်လိဂ်ဟာ အနည်းငယ်လက်ပေါက်ကပ်တဲ့လိဂ်လို့ ယာဂင်ကလော့ပြော

အောက်တိုဘာ  ၅


ဥရောပလိဂ်တွေမှာ လူစားလဲခွင့် ၅ ခုကို  ခွင့်ပြုပေးထားပါတယ်။ အဲဒါက အားကစားသမားတွေရဲ့ ကျန်းမာရေးအတွက်ဆိုပြီး အားလုံးက လုပ်ခွင့်ပြုပေးထားတာဖြစ်ပါတယ်။ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဒီရာသီပရီးမီးယားလိဂ်မှာ လူစားလဲမှု ၅ ခုထိပေးဖို့ တောင်းဆိုခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့တာကြောင့် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။ အင်္ဂလန်လိဂ်ဟာ အနည်းငယ်လက်ပေါက်ကပ်တဲ့လိဂ်တစ်ခု ဖြစ်ပြီး လူစားလဲမှု ၅ ခုကို ခွင့်ပေးတာက အရန်စာရင်းတောင့်တင်းတဲ့ ကြီး ၆ ကြီးကို မျက်နှာသာပေးခြင်းဆိုကာ ကန့်ကွက်ခဲ့ပါတယ်။ ၂၀၂၀−၂၁ ရာသီဟာ ရက်တိုပေမယ့် ပွဲစဉ်တွေတစ်ခုမှ လျော့မသွားပါဘူး။ ကစားသမား တွေရဲ့ ကြံ့ခိုင်မှုပြဿနာဖြစ်လာနိုင်တာကြောင့် ချန်ပီယံလိဂ်လို အဆင့်မြင့်ဆုံးပြိုင်ပွဲမှာတောင် လူစားလဲမှု ၅ ခုကို ခွင့်ပြုထားပါတယ်။ ဥရောပနိုင်ငံတွေနဲ့  ဥရောပပြိုင်ပွဲတွေမှာ ဒီစည်းမျဉ်းကို ခွင့်ပြုပေမယ့် အင်္ဂလန် ကတော့ လူစားလဲမှု ၃ ခုသာခွင့် ပြုထားတဲ့တစ်ခုတည်းသော လိဂ်ပဲဖြစ်ပါတယ်။ 

ကလော့က “အင်္ဂလန်ဟာ လူစားလဲမှု ၅ ခုကို ခွင့်မပြုတဲ့ တစ်ခုတည်းသောနိုင်ငံ ပါ။ အားလုံးသောနိုင်ငံတွေက လူစားလဲမှု ၅ ခုကို ခွင့်ပြုတယ်။ နေးရှင်းလိဂ်မှာလဲ ခွင့်ပြုပါတယ်။ ဒီအတွက် နိုင်ငံတကာနည်းပြတွေအားလုံးက ပျော်ရွှင်ကြပါတယ်။ အင်္ဂလန်မှာတော့ ကျွန်တော်က လူစားလဲမှု ၅ ခုကိုလိုချင်တဲ့ တစ်ဦးတည်းသော မန်နေဂျာ ပါ။ ကျွန်တော် ဒါကိုတောင်းဆိုရတာက ကစားသမားတွေအတွက်ပါ။ အခြားနိုင်ငံတွေမှာ လူစားလဲမှု ၅ ခုကို လုပ်ခွင့်ရနေပေမယ့် အင်္ဂလန်ကတော့ ကြီး ၆ ကြီးထဲက တစ်သင်းက လူစားလဲမှု ၅ ခုကို အလိုရှိနေတဲ့အတွက် တောင်းပန်ပါတယ်လို့တောင် ပြန်ပြောရပါဦးမယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။    

(SO)






အခြားဆက်စပ်သတင်းများ