နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုးတွေ့လူနာများကို သတ်မှတ်စည်းကမ်းလိုက်နာနိုင်ပါက အိမ်တွင်သာ ထားရှိကုသမည်

ရန်ကုန်၊  အောက်တိုဘာ  ၅


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 အတည်ပြုလူနာများကို အိမ်တွင်ထားရှိ၍ ကုသရန် စီစဉ် နေကြောင်း ဆေးတက္ကသိုလ်(၁)ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောသည်။

အဆိုပါအစီအစဉ်ကို အကောင်အထည်ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းနေပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာနိုင်သည့် လူနာများကို အိမ်တွင်ထားရှိ၍ကုသမည်ဖြစ်ကာ အခက်အခဲရှိသူများကို ကိုဗစ်ကုသရေးစင်တာတွင် ထားရှိကုသသွားမည်ဖြစ်ကြောင်း သိရသည်။

“လူနာအရေအတွက်က နေ့စဉ်တက်နေတာပေါ့။ ၇၀ဝ ကနေ ၈၀ဝ၊ ၈၀ဝ ကနေ ၉၀ဝ၊ ၉၀ဝ ကနေ ၁၀ဝ၀ ကျော်တွေ တက်နေတဲ့ အနေအထားရှိပါတယ်။ သူတို့ရဲ့ လက်ရှိအနေအထားအရ ကုသနေတဲ့နေရာတွေမှာ အခုဆို ခုတင်တွေ ၇၀ဝ၀၊ ၈၀ဝ၀ ဖြစ်လာတဲ့အချိန်မှာ ဒါကိုဆက်ပြီးတိုးချဲ့သွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အနေအထားက တော်တော်လေး အစွမ်းကုန်လုပ်ဆောင်ရမဲ့သဘောလေးတွေရှိတယ်။ ကျွန်တော်တို့ရဲ့ အင်အား တွေ အကုန်ထုတ်သုံးရမဲ့ သဘောရှိတယ်။ နောင်အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် ပြန်လည်သုံးသပ်ပြီးတော့ အခုဆိုရင် ကျွန်တော် ဆရာကြီးတွေနဲ့တိုင်ပင်ပြီးတော့ ထိန်းချုပ်မှုကို တစ်ဆင့်လျှော့ချနိုင်မလားဆိုတာ ဆွေးနွေးနေပါတယ်”ဟု ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာနိုင်သည့် သူများကို ကိုဗစ်စင်တာတွင်ထားရှိကုသမည့်အစား အိမ်တွင်ထားရှိ၍ကုသမည်ဖြစ်ကြောင်း၊ လက်ရှိ ကိုဗစ် စင်တာတွင် ကုသရာတွင်လည်း Video call၊ Inter Call ၊ တယ်လီဖုန်းများဖြင့်ခေါ်ဆိုကာ စမ်းသပ်သည့် ကိရိယာများကိုလည်း ထားရှိပေးထားကြောင်း သိရသည်။ ယင်းအပြင် နေအိမ်တွင်ကုသရာတွင်လည်း ယင်းစနစ် အတိုင်း အချိန်ပြည့် ဆက်သွယ်မည်ဖြစ်ကြောင်း သိရသည်။

(မေဘယ်လ်အောင်)






အခြားဆက်စပ်သတင်းများ