နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Sony Wena 3 စမတ်လက်ပတ်ကို ကြေညာ

အောက်တိုဘာ  ၅


Sony က စမတ်လက်ပတ်သစ် Sony Wena 3 ကို ကြေညာလာပြီး အဆိုပါစမတ်လက်ပတ်ကို Touch-Panel Display သုံးထားကာ ထောင့်ကွေးဒီဇိုင်း သုံးထားသည်။ 5ATM ရေစိမ်ခံနိုင်ခြင်းကြောင့် ရေကူးရာမှာလည်း အသုံးပြုနိုင်သည်။ Accelerometer ၊ Dual Optical Heart Rate Sensor တို့ပါဝင်ကာ ကိုယ်လက်လှုပ်ရှားမှု၊ အိပ်ချိန်၊ နှလုံးခုန်နှုန်းတို့အား Tracking လုပ်နိုင်မည်ဖြစ်သည်။

တစ်ကြိမ်အားအပြည့်သွင်းထားပါက တစ်ပတ်ကြာ အသုံးပြုနိုင်မည့် ဘက်ထရီပါဝင်သလို Alexa Voice Assistant ထောက်ပံ့ထားသည်။ Sony Wena 3 ၏ Metal ဗားရှင်းကို ၃၁၄ ဒေါ်လာ ၊ Premium Black ဗားရှင်းကို ၃၃၃ ဒေါ်လာ ၊ Leather Brown ဗားရှင်းကို ၂၈၅ ဒေါ်လာနှင့် Leather Brown Black ဗားရှင်းကို ၃၀၄ ဒေါ်လာ သတ်မှတ်ထားသည်။

ဈေးနှုန်း အသက်သာဆုံးဗားရှင်းအဖြစ် Silicone Rubber ကိုလည်း ရွေးချယ်နိုင်ကာ ဈေးနှုန်းအနေဖြင့် ၂၂၈ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ