နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID ရောဂါပိုး ကင်းစင်သွားပြီဖြစ်သောကြောင့် အိမ်ပြန်ခွင့်ရခဲ့သည့် သရုပ်ဆောင် မောင်

ရန်ကုန်  အောက်တိုဘာ  ၅


သရုပ်ဆောင် မောင်က ဧရာဝတီစင်တာတွင် ၁၁ ရက်ကြာ Quarantine ဝင်ရောက်ခဲ့ရပြီး ရောဂါပိုး ကင်းစင်ကာ ကျန်းမာရေးပြန်လည်ကောင်းမွန်သွားပြီဖြစ်သောကြောင့်  အိမ်ပြန်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ 

သရုပ်ဆောင်မောင်သည် ဆရာဝန်ဘွဲ့ရရှိထားသူတစ်ယောက်ဖြစ်သောကြောင့် Quarantine ဝင်နေရ သည့် ၁၁ ရက်အတွင်း လူနာများကို PPE ဝတ်စုံ ဝတ်ရန်မလိုဘဲ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့သေး သည်။ 

"လူနာအမှတ် 6438 အခန်းနံပါတ် A-89 အိမ်ပြန်ရပါပြီ။ ဆေးရုံမှာ ကျွန်တော်နဲ့တူတူဆေးရုံ တက်ခဲ့ပြီး လူနာအချင်းချင်း စိတ်တူကိုယ်တူ ဝိုင်းဝန်းဖေးမခဲ့ကြတဲ့ ညီအစ်ကိုတွေလည်း အမြဲအမှတ်ရနေမှာပါ။ ကျွန်တော်တို့ကို Facebook မှတစ်ဆင့် စိတ်ပူပေးကြတဲ့ ဆုတောင်းပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းများ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ဆေးရုံတက်နေရချိန်တွင်းမှာ အခက်အခဲတချို့ ရှိတာကြောင့် မဖြေပေးနိုင်ဘဲ ငြင်းခဲ့ရတဲ့ Media များကိုလည်း ဒီကပဲ တောင်းပန်ကြောင်း ပြောပါရစေ။ COVID-19 ခရီးကြမ်းကြီးကတော့ ဒီနေရာမှာပဲပြီးဆုံးပါပြီ။ ထပ်မဖြစ်အောင်လည်း ပိုပြီးဂရုစိုက်သွားပါမယ်" ဟု ယင်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် အောက်တိုဘာ ၃ ရက်၊ နံနက်ပိုင်းက ရေးသားထားခဲ့သည်။

သရုပ်ဆောင် မောင်က ဧရာဝတီ Quarantine Center တွင် လိုလေသေးမရှိ ၁၁ ရက်အကြာ နေထိုင်ခဲ့ရခြင်းကြောင့် ဧရာဝတီ Quarantine Center အဖွဲ့သားများကို ကျေးဇူးတင်ကြောင်း ပြောထား သေးသည်။ 

သရုပ်ဆောင် နန္ဒာလှိုင်ကလည်း အိမ်ပြန်ခွင့်ရပြီဖြစ်သည့် မောင်လေးအတွက် ဝမ်းသာပီတိဖြစ်နေ ကြောင်းကို ယင်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသေးသည်။ နန္ဒာလှိုင်၏ ညီမဖြစ်သူ နွေးနွေးလှိုင်နှင့် ရင်သွေးလေးများကလည်း COVID ပိုးကင်းစင်သွားပြီဖြစ်သောကြောင့် အောက်တိုဘာ ၂ ရက်က Quarantine Center မှ အိမ်ပြန်နိုင်ခဲ့ကြပြီဖြစ်သည်။


(WP)






အခြားဆက်စပ်သတင်းများ