နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အောင်မင်္ဂလာကျောင်းဝင်းအတွင်း Lockdown ချထားသော ဘုန်းတော်ကြီးကျောင်းအတွက် စားသောက်ကုန်နှင့် လက်သန့်ဆေးရည်များလှူဒါန်း

ရန်ကုန် အောက်တိုဘာ  ၅


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့ကျရေးနှင့်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ရည်ရွယ်၍ လှိုင်သာယာမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ အမှတ်(၁၁)ရပ်ကွက်  အောင်မင်္ဂလာကျောင်းဝင်းအတွင်းရှိ Lockdown ချထားသော ဘုန်းတော်ကြီးကျောင်းအတွက် ဆန်၊ ဆီ ၊ကြက်ဥ ၊အာလူး၊ငါးသေတ္တာ ၊အသားတုနှင့် လက်သန့်ဆေးရည်များကို အောက်တိုဘာ ၄ ရက် ညနေပိုင်းက လှိုင်သာယာမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီကိုယ်စား လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း ၊မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် (၂)ဦးဇော်အောင်တို့က သွားရောက်ပေးအပ်လှူဒါန်းခဲ့စဉ်။

မြသန္တာဝင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ