နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းတနော်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ဝေသည့် လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေ

ပန်းတနော်  အောက်တိုဘာ ၅


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့် လက်ကမ်းစာစောင်များနှင့် ပိုစတာများကို အောက်တိုဘာ ၅ ရက် နံနက်၉ နာရီကစတင်၍ ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိပြည်သူများထံသို့ ဖြန့်ဝေခဲ့သည်။ လက်ကမ်းစာစောင်တွင် "သင့်အမည် မဲစာရင်းမှာ ပါ/မပါစစ်ဆေးပြီးပြီလား၊ အတူတကွမဲပေးကြပါစို့၊ မဲဆန္ဒရှင်စာရင်းသွားရောက် စစ်ဆေးရန် သင့်မှာအချိန်မရှိ/အချိန်မလုံလောက် ဖြစ်နေပါသလား၊ အွန်လိုင်း ကနေ စစ်ဆေးလိုက်ပါ၊ ဘေးကင်းလုံခြုံစွာနေပါ၊ သင်ကဆန္ဒမဲပေးပိုင်ခွင့်ရှိသူဖြစ်ပါသလား၊ မဲစာရင်း စစ်ဆေးပါ၊ သွားရောက် ဆန္ဒမဲပေးပါ၊သတိရပါ" အစရှိသည့်အချက်များ ပါရှိကြောင်း တွေ့ရစဉ်။


ပြည့်ဖြိုးကျော်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ