နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဇာဘိုင်ဂျန်-အာမေးနီးယားတိုက်ပွဲ ပြင်းထန်နေပြီး ဒုတိယအကြီးဆုံးမြို့တွင် အမြောက်ဆန်များ ကျရောက်

အောက်တိုဘာ ၅၊ ယီရီဗန်


ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နာဂါနို-ကရာဘတ်ဒေသနှင့်ပတ်သက်၍ တိုက်ပွဲအကြီးအကျယ် ဆက်လက် ဖြစ်ပွားလျက်ရှိရာ အဇာဘိုင်ဂျန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဂန်ဂျာမြို့ကို အာမေးနီးယားတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ အာမေးနီးယားတပ်ဖွဲ့က အမြောက်ဆန်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဂန်ဂျာစစ်တပ်လေဆိပ်ကို ထိမှန်ခဲ့ကြောင်း ကိုယ့်ကိုယ်ကိုယ် အာဏာပိုင်အဖြစ် သတ်မှတ်ထားသူများက ပြောသည်။


သို့သော် ဂန်ဂျာမြို့တွင် စစ်ဘက်ဆိုင်ရာ တည်နေရာတစ်ခုကိုမျှ ထိမှန်ခဲ့ခြင်းမရှိဟု အဇာဘိုင်ဂျန်အစိုးရက ဆိုသည်။ လွန်ခဲ့သည့်ရက်သတ္တပတ်က စတင်၍ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ လူ ၂၂၀ ကျော် သေဆုံးခဲ့သည်။ သို့သော် သေဆုံးသူစာရင်းကို တိတိကျကျ ဖော်ထုတ်နိုင်ခြင်းမရှိသည့်အတွက် နှစ်ဖက်တပ်ဖွဲ့များနှင့် အရပ်သား သေဆုံးမှုပမာဏမှာ အတည်ပြုနိုင်သည့် ပမာဏထက် ပိုများဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။


နာဂါနို-ကရာဘတ်ဒေသမှာ အဇာဘိုင်ဂျန်နိုင်ငံပိုင်နက်ဟု တရားဝင်သတ်မှတ်ထားသော်လည်း အာမေးနီးယားတိုင်းရင်းသားများက ထိန်းချုပ်ထားသည်။ နာဂါနို-ကရာဘတ်ဒေသနှင့်ပတ်သက်၍ ၁၉၈၈ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံ စစ်ဖြစ်ခဲ့ပြီး အပစ်အခတ်ရပ်စဲခဲ့သော်လည်း အငြင်းပွားမှု အဆုံးသတ်စေမည့် သဘောတူညီမှု မရရှိခဲ့ပေ။ လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲမှာ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအနက် အဆိုးရွားဆုံးဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ