နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခက်ခဲကြမ်းတမ်းသည့်ကာလ ရင်ဆိုင်ရမည်ဟု ချန်ဂီလေဆိပ်ကုမ္ပဏီ သတိပေး

အောက်တိုဘာ ၅၊ စင်ကာပူ


လက်ရှိအချိန်အထိ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေဆဲဖြစ်သည့် COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ခက်ခဲကြမ်းတမ်းသည့် အချိန်ကာလတစ်ခု ရင်ဆိုင်ရမည်ဟု စင်ကာပူနိုင်ငံ၏ ချန်ဂီလေဆိပ်ကုမ္ပဏီက သတိပေးထားသည်။ ခရီးသည် သန်း ၆၀ မှ သန်း ၇၀ ကြား ဝင်ထွက်သွားလာနေသည့် စင်ကာပူနိုင်ငံ၏ ချန်ဂီနိုင်ငံတကာလေဆိပ်မှာ ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် သတ်မှတ်ခံထားရသည်။

သို့သော် ချန်ဂီလေဆိပ်သမိုင်းတစ်လျှောက် လေကြောင်းခရီးစဉ်ပြေးဆွဲမှု အနိမ့်ဆုံးအထိ ကျဆင်းသွားခဲ့ပြီးနောက် ချန်ဂီလေဆိပ်ရှိ ဂိတ်နှစ်ခုတွင် လုပ်ငန်းဆောင်ရွက်မှုများကို ဆိုင်းငံ့ခဲ့သည်။ ထို့အပြင် ပဉ္စမမြောက်ဂိတ် တည်ဆောက်နေသည့် လုပ်ငန်းကိုလည်း အနည်းဆုံး ၂ နှစ်ကြာ ဆိုင်းငံ့ခဲ့သည်။


'' COVID-19 နဲ့ ရင်ဆိုင်ရတဲ့ တိုက်ပွဲက အခုမှ အစပဲ ရှိပါသေးတယ်။ ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျသွားတဲ့ အရိပ်အယောင်မရှိသေးလို့ ရှေ့လာမယ့်ကာလကလည်း ခက်ခဲကြမ်းတမ်းမယ့်ပုံပါပဲ''ဟု ချန်ဂီလေဆိပ်အုပ်စု (Changi Airport Group) ၏ နှစ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။


ချန်ဂီလေဆိပ်အုပ်စု၏ တစ်နှစ်တာရလဒ်များတွင် ၂၀၂၀ ပြည့်နှစ် မတ်လအကုန်အထိ ခရီးသည်ဝင်ရောက်မှု ပမာဏသာ ပါဝင်သည့်အတွက် အဆိုပါအစီရင်ခံစာတွင် ပိုမိုဆိုးရွားသည့် အခြေအနေများ ပါဝင်ခဲ့ခြင်းမရှိပေ။ စင်ကာပူနိုင်ငံမှာ မတ်လ ၂၃ ရက်မှစတင်၍ ကာလတိုခရီးသွားသူများ ဝင်ထွက်ခွင့်၊ ခရီးတစ်ထောက်နားခွင့် ပိတ်ပင်ခဲ့သည်။ ထို့ကြောင့် ချန်ဂီလေဆိပ်အုပ်စုက ထုတ်ပြန်ခဲ့သည့် နှစ်စဉ်အစီရင်ခံစာတွင် အမြတ်ငွေ ရရှိမှုမှာ ၃၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ