နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မှန်လုံပိတ်ကားဖြင့် ဆေးရုံအပြင်ထွက်၍ လက်ပြနှုတ်ဆက်ခဲ့ခြင်းကြောင့် ဒေါ်နယ်ထရမ့် ဝေဖန်ခံနေရ

အောက်တိုဘာ ၅၊ ဝါရှင်တန်


COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ ထွက်ပေါ်နေသည့်သတင်းများမှာ အဓိပ္ပာယ်နှစ်ခွဖြစ်နေခြင်းကြောင့် မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာမှုများ ရှိနေသည်။ အစောပိုင်းတွင် ဆရာဝန်များက တနင်္လာနေ့တွင် ဒေါ်နယ်ထရမ့် ဆေးရုံမှ ပြန်ဆင်းနိုင်မည့်အလားအလာရှိသည်ဟု ပြောခဲ့သော်လည်း အချို့သူများက အဆိုပါပြောကြားချက်အပေါ် သံသယဖြစ်ခဲ့ကြသည်။


ဝါရှင်တန်ဒီစီရှိ ဝေါ်တာရိဒ်စစ်ဆေးရုံတွင် ကုသမှုခံယူနေသည့် ဒေါ်နယ်ထရမ့်၏ အောက်ဆီဂျင် ပမာဏမှာ နှစ်ကြိမ်တိုင် ကျဆင်းသွားခဲ့ပြီး စတီးရွိုက်ဆေးများဖြင့် ကုသမှုခံယူနေရသည်။ သို့သော် ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် ဒေါ်နယ်ထရမ့်က ဆေးရုံမှကားဖြင့် ထွက်လာပြီး ယင်းအပေါ် အားပေးထောက်ခံ သူများကို လက်ပြနှုတ်ဆက်ခဲ့ရာ ဝေဖန်မှုများရှိခဲ့သည်။


'' COVID-19  ကြောင့် သေဆုံးခဲ့တဲ့ အမေရိကန်နိုင်ငံသား ၂၀၅၀၀၀ ကျော် ရှိနေပါပြီ။ ကျွန်တော်တို့အတွက် ခေါင်းဆောင်မှုလိုတယ်။ ဓာတ်ပုံအရိုက်ခံရုံလောက်နဲ့ မရပါဘူး''ဟု အမေရိကန်အောက်လွှတ်တော်ရှိ ဒီမိုကရက်တစ်လွှတ်တော် အမတ်များဥက္ကဋ္ဌ ဂျက်ဖရီက တွစ်တာပေါ်တွင် ရေးသားခဲ့သည်။


မှန်အလုံပိတ်ထားသည့်ကားဖြင့် ဒေါ်နယ်ထရမ့်က ဆေးရုံအပြင်ထွက်၍ လက်ပြနှုတ်ဆက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကားအတွင်း ရောဂါပိုး ကူးစက်ပျံ့နှံ့နိုင်ခြင်းကြောင့် ဒေါ်နယ်ထရမ့်၏ လုပ်ရပ်ကို ဆေးရုံမှ ဆရာဝန်တစ်ဦးက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ