နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါဆိုင်ရာ ပိတ်ဆို့မှုစည်းမျဉ်းများကြောင့် တောင်အာဖရိကတွင် ယခုနှစ် ဒုတိယသုံးလပတ်အတွင်း အလုပ်လက်မဲ့ဖြစ်သူ ၂ ဒသမ ၂ သန်း ရှိ

စက်တင်ဘာ ၃၀၊ ဂျိုဟန်နက်စ်ဘတ်


COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ပိတ်ဆို့မှုများ ချမှတ်ထားသည့် ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်အတွင်း တောင်အာဖရိကနိုင်ငံတွင် အလုပ်အကိုင် ၂ ဒသမ ၂ သန်း ဆုံးရှုံးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ အဆိုပါပမာဏမှာ ၂၀၀၈ ခုနှစ်တွင် အလုပ်အကိုင်ခန့်အပ်မှု စစ်တမ်း စတင်ကောက်ယူခဲ့ပြီးနောက်ပိုင်း အများဆုံးဖြစ်သည်။


COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို တားဆီး ဟန့်တားနိုင်ရန် ကန့်သတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် တောင်အာဖရိကနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု မကြုံစဖူး ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ စီးပွားရေးလုပ်ငန်းအများစုမှာ မတ်လ ၂၇ ရက်မှစတင်၍ ရက်သတ္တငါးပတ်ကြာ ပိတ်ခဲ့ရသည်။ တောင်အာဖရိကနိုင်ငံမှာ ကမ္ဘာပေါ်တွင်  အတင်းကျပ်ဆုံး ပိတ်ဆို့မှုစည်းမျဉ်းများ ချမှတ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။


တောင်အာဖရိကနိုင်ငံ အမျိုးသားစာရင်းအင်းရုံးက ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ စီးပွားရှာဖွေခြင်းမရှိသည့် လူအရေအတွက်က စီးပွားရေးကျဆင်းမှုကို ညွှန်ပြနေသည်။ မတ်လမှာ ဇွန်လကြားကာလအတွင်း စီးပွားရှာဖွေခြင်းမရှိသူအရေအတွက်မှာ ၅ ဒသမ ၃ သန်းမှ ၂၀ ဒသမ ၅ သန်းအထိ မြင့်တက်ခဲ့သည်။ တောင်အာဖရိကနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၆၅၃၄၄၄ ဦးရှိပြီး ကမ္ဘာပေါ်တွင် ရောဂါကူးစက်ခံရသူအများဆုံးနိုင်ငံစာရင်း၌ အဆင့် (၁၀) နေရာ ရပ်တည်နေကာ လူ ၁၅၈၀၀ ကျော် သေဆုံးခဲ့သည်။       


 Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ