နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုံမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ဖျားနာကုအခမဲ့ဆေးခန်း (Fever Clinic) တို့တွင် အသုံးပြူရန်အတွက် အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ရန်ကုန်   စက်တင်ဘာ   ၂၈


ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသလုပ်ငန်းများနှင့် ဖျားနာကုသအခမဲ့ဆေးခန်း(Fever Clinic)တို့တွင် အသုံးပြုရန်အတွက် အလှူငွေနှင့် ကာကွယ်ရေးသုံး ပစ္စည်းများကို  စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက  အလှူရှင် Gold Power Co ,Ltd  မှ ဦးခင်မောင်အေးနှင့် ဇနီး ဒေါ်ခင်လေးမိသားစုမှ  COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် အလှူငွေကျပ် ၁၀ သိန်း နှင့် ငွေကျပ် ၉ သိန်း တန်ဖိုးရှိ  လက်သန့်ဆေးရည် ၊PPE ဝတ်စုံများ စသည့် ကာကွယ်ရေးသုံးပစ္စည်းများကိုလည်းကောင်း၊ Fever Clinic အတွက် ငွေကျပ် ၂၅၀၀၀၀ တန်ဖိုးရှိ PPE ဝတ်စုံ ၅၀ စုံ၊  ငွေကျပ် ၂၀၀၀၀၀ တန်ဖိုးရှိ  လက်သန့်ဆေးရည်၊ စုစုပေါင်းငွေကျပ် ၁၀ သိန်းနှင့် ငွေကျပ် ၁၃ သိန်းခွဲ တန်ဖိုးရှိ ကာကွယ်ရေးသုံးပစ္စည်းများပေးအပ်လှူဒါန်းခဲ့စဉ်။


တင်တင်ချို (အလုံ)






အခြားဆက်စပ်သတင်းများ