နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Avatar-2 ဇာတ်ကား သက်ရှိသရုပ်ဆောင်များပါဝင်သည့် ဇာတ်ဝင်ခန်းများရိုက်ကူးမှု ရာနှုန်းပြည့်ပြီးစီး

စက်တင်ဘာ   ၂၈


Avatar-2 ဇာတ်ကားအတွက် သက်ရှိသရုပ်ဆောင်များပါဝင်သည့် ဇာတ်ဝင်ခန်းအားလုံးကို ရာနှုန်းပြည့် ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
Avatar-2 ရုပ်ရှင်ဇာတ်ကားအတွက် သက်ရှိသရုပ်ဆောင်များပါဝင်သော ဇာတ်ဝင်ခန်းများ ရိုက်ကူးမှု ပြီးစီးခြင်းကို ကမ္ဘာကျော်ဒါရိုက်တာကြီး ဂျိမ်းကင်မရွန်က မင်းသားကြီး အာနိုးရှဝါဇင်နက်ဂျာနှင့် ဆွေးနွေးစဉ် အတွင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။


ထို့အပြင် ဒါရိုက်တာ ဂျိမ်းကင်မရွန်နှင့် နယူးဇီလန်နိုင်ငံသို့ရောက်ရှိနေသော ရိုက်ကူးရေးအဖွဲ့သားများ သည် Avatar-3 ဇာတ်ကား၏ သက်ရှိသရုပ်ဆောင်များပါဝင်သော ဇာတ်ဝင်ခန်းများကို အပြီးသတ်ရိုက်ကူးရန် ကြိုးစားနေကြောင်း သိရသည်။
ဒါရိုက်တာ ဂျိမ်းကင်မရွန်သည် Avatar-2 နှင့် 3 ဇာတ်ကားတို့ကို ၂၀၁၇ ခုနှစ်က စတင်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရိုက်ကူးရေးလုပ်ငန်းများ အပြီးသတ်ရန် စီစဉ်ခဲ့သည်။


သို့သော် COVID-19 ရောဂါကြောင့် Avatar-2 နှင့် 3 ဇာတ်ကားနှစ်ကားစလုံး၏ ရိုက်ကူးထုတ်လုပ်မှု လုပ်ငန်းများ လေးလခွဲကြာ ရပ်ဆိုင်းခဲ့ရပြီး ယခုနှစ် ဇွန်လမှသာ နယူးဇီလန်နိုင်ငံ၌ ရိုက်ကူးရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ