နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Miss Sherlock ဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့သည့် ဂျပန်နိုင်ငံ၏ နာမည်ကျော်မင်းသမီး တာဂါယူချီ သေဆုံး

စက်တင်ဘာ ၂၈၊ တိုကျို


Miss Sherlock ဇာတ်လမ်းတွဲတွင် အမျိုးသမီးစုံထောက် ရှားလော့ဟုမ်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဂျပန်မင်းသမီး ယူကိုတာဂါယူချီကို တိုကျိုမြို့ရှိ ယင်း၏နေအိမ်တွင် သေဆုံးနေကြောင်း တွေ့ရှိခဲ့သည်။  အသက် ၄၀ နှစ်အရွယ်ရှိသည့် ကလေးနှစ်ယောက် မိခင် တာဂါယူချီမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ဖွယ်ရှိသည်ဟု သံသယရှိနေပြီး ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။


ရှီဘူယာရပ်ကွက်ရှိ ယင်းတို့၏နေအိမ်တွင် တာဂါယူချီ သေဆုံးနေခြင်းကို ခင်ပွန်းဖြစ်သူ သရုပ်ဆောင်မင်းသား နာကာဘာယာရှီက တွေ့ရှိခဲ့ခြင်းဟု ဆိုသည်။ ရုပ်ရှင်ဇာတ်ကားများနှင့် ရုပ်သံစီးရီးအများအပြားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် တာဂါယူချီမှာ ဂျပန်နိုင်ငံတွင် ထင်ပေါ်ကျော်ကြားသည့် မင်းသမီးတစ်လက်ဖြစ်သည်။ ၂၀၁၈ ခုနှစ်က ထုတ်လွှင့်ခဲ့သည့် Miss Sherlock စီးရီးကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြားတွင် ထုတ်လွှင့်ခဲ့သည်။


တာဂါယူချီမှာ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်ကြားကာလအတွင်း သုံးနှစ်ဆက်တိုက် ဂျပန်နိုင်ငံ၏ အကယ်ဒမီဆုပေးပွဲတွင် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆွတ်ခူးခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် လများအတွင်း ဂျပန်သရုပ်ဆောင်မင်းသမီး အာရှီနာ၊ သရုပ်ဆောင်မင်းသား မီယူရာ၊ နပန်းကြယ်ပွင့် ကီမူရာတို့အပါအဝင် ဂျပန်နိုင်ငံ၏ ထင်ပေါ်ကျော်ကြားသူများ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်။


ဂျပန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုနှုန်း အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ၂၀၁၅ ခုနှစ်တွင် ကြိုတင်ကာကွယ်ရေး စည်းမျဉ်းများ ချမှတ်ခဲ့ပြီးနောက် အဆုံးစီရင်မှုနှုန်း ကျဆင်းခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ပြောသည်။



Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ