နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖရိက၏ရှေးအကျဆုံးဘေးမဲ့တောတွင် လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် အစောင့်အကြပ် ၁၂ ဦး သေဆုံး

ဧပြီ ၂၅၊ ကင်ရှာဆာ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံရှိ ဗီရန်ဂါအမျိုးသားဥယျာဉ်တွင် ရဝမ်ဒါလက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်များဟု သံသယရှိသူများက အနည်းဆုံး ဥယျာဉ်လုံခြုံရေးအစောင့်အကြပ် ၁၂ ဦးကို သတ်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့်သောကြာနေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုမှာ မကြာသေးမီနှစ်ပိုင်းအတွင်း ဒီမိုကရက်တစ် ကွန်ဂိုနိုင်ငံတွင် လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုဖြစ်သည်ဟု အစိုးရအရာရှိ ဝီလန်ဂူလာက ပြောသည်။ ဥယျာဉ်အစောင့်အကြပ်များ ကာကွယ်စောင့်ရှောက်နေသည့် အရပ်သားများ ယာဉ်တန်းကို လက်နက်ကိုင် ၆၀ ဝန်းကျင်က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဟု ယင်းက ဆိုသည်။ တောင်ပေါ်နေ လူဝံအများအပြားရှိ၍ နာမည် ကျော်ကြားသည့် ဗီရန်ဂါအမျိုးသားဥယျာဉ်မှာ အာဖရိကတိုက်၏ သက်တမ်းအရင့်ဆုံး ဘေးမဲ့တောတစ်ခု ဖြစ်သည်။ ဇီဝမျိုးကွဲစုံလင်သည့် ဗီရန်ဂါအမျိုးသားဥယျာဉ်မှာ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုဖြစ်ပြီး တည်ငြိမ်မှု ကင်းမဲ့နေသည့် ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် တည်ရှိသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ