နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦး ပြန်ပေးဆွဲပြီး အဓမ္မပြုကျင့်ခံရ

ဧပြီ ၂၄၊ နယူးဒေလီ မဟာပရာဒက်ရှ်ပြည်နယ် နေအိမ်အပြင်ဘက်တွင် အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပြန်ပေးဆွဲခံရပြီး အဓမ္မပြုကျင့်ခံရသည့်ဖြစ်ရပ်အတွက် အိန္ဒိယရဲတပ်ဖွဲ့က သံသယရှိသူကို ပိုက်စိပ်တိုက် ရှာဖွေလျက်ရှိသည်။ မိန်းကလေးငယ်က ယင်းကို ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိစေရန်အတွက် ကျူးလွန်သူက မိန်းကလေးငယ်၏ မျက်လုံးကို ဆိုးဆိုးရွားရွား ဒဏ်ရာရအောင်လုပ်ခဲ့သည်ဟု ဆိုသည်။ မိန်းကလေးငယ်မှာ ဂျာဘယ်ပူရ်မြို့ ဆေးရုံ တွင် စိုးရိမ်ရသည့်အခြေအနေ ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါတိုက်ခိုက်မှုမှာ အလွန်ရှက်စရာ ကောင်းသည်ဟု မဟာပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ် ရှီဝရာဆင်းမ်ချိုဟန်က ပြောသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် မိန်းကလေးငယ်က ဒါမိုခရိုင်ရှိ ယင်း၏နေအိမ်အနီးတွင် သူငယ်ချင်း များနှင့် ကစားနေစဉ် ပြန်ပေးဆွဲခံရခြင်းဖြစ်သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့ နံနက်ပိုင်းက လူမနေသည့် အဆောက်အအုံတစ်လုံးအတွင်း လက်ကြိုးတုပ်ခံထားရပြီး သတိလစ်နေသည့် အခြေအနေဖြင့် ယင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဟု ရဲတပ်ဖွဲ့က ပြောသည်။ ကျူးလွန်သူကို ဖမ်းဆီးနိုင်အောင် သတင်းပေးနိုင်သူကို ရူပီး ၁၀၀၀၀( ပေါင် ၁၀၀) ဆုချီးမြှင့်မည်ဟု ထုတ်ပြန်ကြေညာထားသည်။ ယခုဖြစ်ရပ်နှင့်ပတ်သက်၍ သံသယရှိသူအချို့ကို စစ်ဆေးမေးမြန်းနေပြီး ကျူးလွန်သူကို မကြာမီ ဖမ်းဆီးနိုင် မည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ၂၀၁၂ ခုနှစ်က နယူးဒေလီမြို့ရှိ ဘတ်စ်ကားတစ်စီးပေါ်တွင် ဆေးကျောင်းသူ မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်၊ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားသည့် အဓမ္မပြုကျင့်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လူအများ သတိထားမိလာခဲ့ကြသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ