နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Quarantine Center မှ ထွက်ပြေးသွားသူများကို လိုက်လံရှာဖွေထိန်းသိမ်းမည်ဟု ကင်ညာသမ္မတ ဆို

ဧပြီ ၂၃၊ နိုင်ရိုဘီ COVID-19 ရောဂါ ထိန်းချုပ်၊ ကာကွယ်ရန် အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ပြုလုပ်ရာစင်တာ (Quarantine centre)မှ ထွက်ပြေးသွားသည့် ကင်ညာနိုင်ငံသားများကို ရုပ်သံမှတ်တမ်း ရိုက်ကူး ထားနိုင်သည့်အတွက် ယင်းတို့ကို ပိုက်စိပ်တိုက်ရှာဖွေပြီး စင်တာသို့ ပြန်လည်ခေါ်ဆောင်လာမည်ဟု သမ္မတ ကင်ယက်တာက ပြောသည်။ '' ခင်ဗျားတို့ ဘယ်သူတွေလဲဆိုတာ ကျွန်တော်တို့ သိတယ်။ ခင်ဗျားတို့ကို ရှာဖွေသွားမယ်''ဟု ကင်ယက်တာက ပြောခဲ့သည်။ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာမှ ထွက်ပြေးသွားသူများမှာ အခြားသူများကို အသက်အန္တရာယ်ဖြစ်စေသည်ဟု ယင်းက ဆိုသည်။ ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမြို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် လူအများ အပြားက နံရံကို တွယ်တက်နေသည့် ရုပ်သံမှတ်တမ်း ပျံ့နှံ့သွားခဲ့ပြီးနောက် ကင်ယက်တာက ယခုကဲ့သို့ သတိပေးခဲ့ခြင်း ဖြစ်သည်။ အတင်းအကျပ် အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူရသူများက နေရာထိုင်ခင်း ညံ့ဖျင်းမှုအပေါ် စောဒကတက်ခဲ့ကြသည်။ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာများမှာ သန့်ရှင်းမှုမရှိကြောင်း၊ ထောင်နှင့်မခြားနားကြောင်း၊ လူအပြည့်အသိပ်ရှိနေ၍ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန် မဖြစ်နိုင်ကြောင်း စောဒကတက်ခဲ့သည်။ ထားရှိရာ စင်တာအပေါ် မူတည်၍ တစ်ညလျှင် အမေရိကန်ဒေါ်လာ ၂၀ မှ ၁၀၀ ကြား ပေးရသည့်အတွက်လည်း ဒေါသထွက်လျက်ရှိသည်။ ကင်ညာနိုင်ငံတွင် ခရီးသွားရာဇဝင်ရှိသူများကို ၁၄ ရက်ကြာ အသွားအလာကန့်သတ်စောင့်ကြည့်ရန်အတွက် ကျောင်းများ၊ တက္ကသိုလ်များ၊ ဟိုတယ်များကို အသုံးပြုလျက်ရှိသည်။ ကင်ညာနိုင်ငံတွင် COVID-19 ‌ရောဂါပိုးရှိသူ ၂၈၉ ဦးရှိနေပြီး ၁၄ ဦး သေဆုံးခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ