နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၄ ခုနှစ် ရာသီဥတုကို အနီရောင်အဆင့်အဖြစ် WMO သတ်မှတ်

ျီနီဗာ မတ်  ၂၁

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုသည် ၂၀၂၄ ခုနှစ်တွင် အခြေအနေ ပိုမို ဆိုးရွားလာဖွယ်ရှိသဖြင့် အနီရောင် အဆင့်သတ်မှတ်ထားကြောင်း ကမ္ဘာ့ မိုးလေဝသအဖွဲ့(WMO)က မတ် ၂၀ ရက်တွင် ထုတ်ပြန်သည်။ 

သမုဒ္ဒရာရေထု၏ အပူချိန် မြင့်တက်မှုနှင့် ပင်လယ်ပြင် ရေခဲ ထုများ  အရွယ်အစားသေးငယ် ကျုံ့ဝင်လာမှုအပေါ် မိုးလေဝသ အဖွဲ့(WMO)၏ အကြီးအကဲက အထူး စိုးရိမ်ပူပန်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု နှစ်လည်အစီရင် ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့အပူချိန်သည် နှစ်ပေါင်း ၁၇၄ နှစ်အတွင်း အမြင့်ဆုံးအဆင့်အဖြစ်     ၁ ဒသမ ၄၅ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရောက်ရှိနေပြီး  ယင်းသည် စက်မှု တော်လှန်ရေးကာလမတိုင်မီကအဆင့် ထက် ပိုမိုမြင့်တက်နေကြောင်း အစီရင် ခံစာတွင် ဖော်ပြသည်။

အလားတူ သမုဒ္ဒရာရေထု၏ အပူချိန်သည်လည်း နှစ်ပေါင်း ၆၀ အတွင်း အပူနွေးဆုံးဖြစ်နေပြီး ၂၀၂၃ ခုနှစ်အတွင်း ပင်လယ်ပြင်၏ ၉၀ ရာခိုင် နှုန်းသည် ပြင်းထန်သည့် အပူလှိုင်း နှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် အစာ ကွင်းဆက်စနစ် ထိခိုက်နေကြောင်း သိရသည်။                       






(ref: BBC)






အခြားဆက်စပ်သတင်းများ