နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥတိုစိုက်ပျိုးမွေးမြူရေးစခန်းနှင့်မှော်ဘီအုတ်စက်ရုံလုပ်ငန်းဆောင်ရွက်မှုများ ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၅


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီသည် ကော်မတီဝင် ဒေါက်တာငွေစန်းနှင့်သက်ဆိုင် ရာတာဝန်ရှိသူများလိုက်ပါ လျက် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊တိုက် ကြီးမြို့နယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥတိုစိုက်ပျိုးမွေးမြူရေးစခန်း နှင့် မှော်ဘီမြို့နယ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ အုတ်စက်ရုံသို့ သွားရောက် ကာလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးပြီး လို အပ်သည်များ မှာကြားဖြည့် ဆည်းဆောင်ရွက်ပေးသည်။


ရှေးဦးစွာဒုတိယမြို့တော် ဝန်နှင့်အဖွဲ့သည် နံနက် ၉ နာရီတွင် တိုက်ကြီးမြို့နယ်၊ ရန် ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥတိုစိုက်ပျိုးမွေး မြူရေးစခန်းသို့ရောက်ရှိကာ စိုက်   ပျိုးမွေးမြူရေးလုပ်ငန်းများ၊ လမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရေတံခါးများနှင့်ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်နေမှု များကို ကွင်းဆင်းစစ်ဆေးပြီးလိုအပ်သည်များကို လုပ်ငန်းရှင် များနှင့်ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးသည်။


ထိုမှတစ်ဆင့် ဒုတိယမြို့ တော်ဝန်နှင့်အဖွဲ့သည်မှော်ဘီ မြို့နယ်၊  ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၊ အုတ် စက်ရုံသို့ သွားရောက်ကာ လုပ် ငန်းဆောင်ရွက်နေမှုများနှင့် အဆောက်အအုံပြုပြင်နေမှု များကို ကွင်းဆင်းစစ်ဆေးပြီး စက်များ ကြံ့ခိုင်ကောင်းမွန်ရေး၊ အုတ်များစံချိန်စံညွှန်းနှင့်အညီလိုအပ်ချက်ပြည့်မီအောင်ထုတ် လုပ်နိုင်ရေးအတွက် လိုအပ်သည် များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။                    ယဉ်မွန်






အခြားဆက်စပ်သတင်းများ