နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
3D ရုပ်လုံးကြွပုံထုတ်စက်နှင့်ထုတ်လုပ်သည့် ပထမဆုံးဒုံးပျံ လွှတ်တင်မည်

ကယ်လီဖိုးနီးယား မတ် ၁၃ 

ကမ္ဘာ့အကြီးဆုံး 3D Printer ရုပ်လုံးကြွ ပုံထုတ်စက်နှင့် ဖန်တီး ထုတ်လုပ်ထားသည့်  ဒုံးပျံကို ဖလော် ရီဒါပြည်နယ် ဒုံးပျံလွှတ်တင် စခန်းမှ တစ်ဆင့် ပစ်လွှတ်ရန် စီစဉ်နေကြောင်း ကယ်လီဖိုးနီးယား အခြေစိုက် Relat- ivity Space ကုမ္ပဏီက မတ် ၁၂ ရက်တွင် ကြေညာသည်။

ယင်းသည် အာကာသစူးစမ်းရေး ခေတ်သစ်အတွက် ခြေလှမ်းတစ်ရပ် ဖြစ်လာရန် မျှော်လင့်ကြောင်း၊ အမေ ရိကန်အာကာသ စူးစမ်းရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် Relativity Space အနေဖြင့် အဆိုပါ ဒုံးပျံကို မတ် ၈ ရက်က လွှတ်တင်ရန် စီစဉ်ထား သော်လည်း သတ်မှတ်ရက်အတွင်း မလွှတ်တင်နိုင်သဖြင့် ထပ်မံ ကြိုးပမ်း နေခြင်းဖြစ်ကြောင်း သိရသည်။ 

ဒုံးပျံကို Terran 1 ဟု အမည် ပေးထားပြီး ယင်းကို အောင်မြင်စွာ လွှတ်တင်နိုင်ပါက 3D ရုပ်လုံးကြွပုံ ထုတ်စက်နှင့် ထုတ်လုပ်ထားသည့် ဒုံးပျံသည် အာကာသသို့ ပထမဆုံး သွားရောက်နိုင်မည်ဖြစ်ကာ အာကာသ စူးစမ်းရေးနယ်ပယ်အတွက် ခေတ်သစ် ခြေလှမ်း ဖြစ်လာမည်ဟု   Relativity Space ကုမ္ပဏီ အမှုဆောင်အရာရှိ တင်မ်အီလစ် က ပြောသည်။ 

ရော့ကက်ဒုံးပျံအမြင့်သည် ပေ ၁၁၀ ရှိပြီး ရော့ကက်၏ ၈၅ ရာခိုင်နှုန်း ကို  3D ရုပ်လုံး ကြွပုံထုတ်စက်နှင့် ထုတ်လုပ်ထားကာ အရွယ်အစား သေး ငယ်သော်လည်း ကမ္ဘာပတ်လမ်း အတွင်း အလေးချိန် ပေါင် ၄,၄၀၀ အထိ သယ်ယူနိုင်စွမ်းရှိကြောင်း မစ္စတာ တင်မ် က ပြောသည်။ 

Terran 1 ရော့ကတ်ကို လွှတ်တင် ရန် ဒေါ်လာ ၁၂ သန်းကုန်ကျမည်ဟု Relativity ကုမ္ပဏီက ခန့်မှန်းထားပြီး ရော့ကက်သည် ကမ္ဘာနှင့်နီးသည့် ပတ် လမ်းအတွင်း အလေးချိန် ကီလိုဂရမ် ၁,၂၅၀ ခန့် သယ်ဆောင် သွားနိုင်ရန် တည်ဆောက် ထားကြောင်း သိရသည်။

(ref: Bloomberg)







အခြားဆက်စပ်သတင်းများ