နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိပ်ကြီးခနောင်တိုမြို့နယ်၊ခနောင်တိုအရှေ့ရပ်ကွက်၊ ဗဟို လမ်းရှိ အခြေခံပညာအထက်တန်းကျောင်းသန့်ရှင်းသာယာလှပစေရေး

ဧပြီ ၂၃ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံး၊ ဌာနများက တွဲဖက်ဝန် ထမ်းများနှင့်ပညာရေးဝန်ထမ်းများ ပူးပေါင်းအင်အား ၂၀ ဦးဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင် အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း၊ ကျောင်းအမိုးပေါ်ရှိသစ်ရွက်ကြွေအမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းအတွင်း ရှိ အမှိုက်နှင့်မြောင်းချေးများဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက် များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲခဲများလှည်း ကျင်းရှင်းလင်းခြင်း၊ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးပြုလုပ် ခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်နှင့်မြောင်းချေးများကို ယာဉ်တစ်စီးဖြင့်သိမ်းဆည်း သယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးအတွက် ရေစည်ရေကန်များအား အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ကျန်းမာရေးပညာပေးလက်ကမ်းစာစောင်များ ပေးဝေခြင်းတို့ကိုဆောင်ရွက်ကြစဉ်။ 







ယဉ်မွန်






အခြားဆက်စပ်သတင်းများ