နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနား တိုက်ချင်းပစ်ဒုံးကျည်အသစ်ကို ထုတ်ဖော်ပြသ

ပြုံယမ်း ဖေဖော်ဝါရီ ၁၀

မြောက်ကိုရီးယားတွင် ပြုလုပ် သည့် စစ်ရေးပြအခမ်းအနားတွင် အကြီးမားဆုံး နျူကလီယားဒုံးကျည် များအပြင် လောင်စာဆီသုံး တိုက်ချင်း ပစ်ဒုံးကျည်အသစ်ကိုပါ ထုတ်ဖော် ပြသသွားကြောင်း ဖေဖော်ဝါရီ ၉ ရက်သတင်းများတွင် ဖော်ပြချက် အရ သိရသည်။

ဇနီး၊သမီးငယ်တို့နှင့်အတူ နိုင်ငံ့ ခေါင်းဆောင် ကင်မ်ဂျုံအန်သည် မြောက်ကိုရီးယား  စစ်တပ်တည် ထောင်ခြင်း  ၇၅ နှစ်မြောက် နှစ်ပတ် လည်နေ့ အထိမ်းအမှတ် စစ်ရေး ပြအခမ်းအနားသို့ တက်ရောက် လာ ပြီးနောက် တိုက်ချင်း ပစ်ဒုံးကျည် အသစ်ကို ပြသလိုက်ခြင်း ဖြစ်သည်။

စစ်ရေးပြပွဲတွင် နျူကလီယားဒုံး ကျည်များအပါအဝင် Hwasong-17 ICBM ၁၁ စင်းနှင့် နည်းဗျူဟာမြောက် ICBM ဒုံးကျည်များကိုလည်း ပြသသွားကြောင်း ကိုရီးယား ဗဟို သတင်းအေဂျင်စီ (KCNA) က ဖော်ပြ သည်။                                 

(ref: AP)






အခြားဆက်စပ်သတင်းများ