နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေါ့ဂ်ဘာကို ရောင်းချရန် ဂျူဗင်တပ်အသင်း ပြင်ဆင်

ဖေဖော်ဝါရီ ၅

ဂျူဗင်တပ်အသင်းသည်ပြီးခဲ့ သည့် နွေရာသီအပြောင်း အရွှေ့ ကာလက မန်ယူအသင်းမှပြန် လည်ခေါ်ယူခဲ့သည့် ကွင်းလယ် ကစားသမား ပေါ့ဂ်ဘာကိုရောင်း ချရန် ပြင်ဆင်နေကြောင်း သိရ သည်။

ပေါ့ဂ်ဘာသည် မန်ယူ အသင်း မှ စတာလင်ပေါင်၃၁ သန်းဖြင့် ပြန်လည်ပြောင်းရွှေ့ ပြီးနောက်ပိုင်း ဂျူဗင်တပ်အသင်း တွင် တစ်ပွဲသာ ပါဝင် ကစား ခဲ့ရ ပြီး ဒူးဒဏ်ရာနှင့် ကြွက်သားဒဏ် ရာများကြောင့် အသင်း၏ ပွဲစဉ် အများအပြားကို လွဲချော်ခဲ့ရသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ် စက်တင်ဘာက ပေါ့ဂ်ဘာ အနေ ဖြင့် ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရသောကြောင့် ပြင်သစ် အသင်းနှင့် ကစားရမည့်ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ ရပြီး လက်ရှိအချိန်ထိဂျူဗင် တပ် အသင်းနှင့် ပြန်လည်ပူးပေါင်း နိုင်ခြင်း မရှိသေးကြောင်း သိရ သည်။

ဂျူဗင်တပ်အသင်းသည် တစ်နှစ်လုပ်ခ စတာလင်ပေါင် ခုနစ်သန်းဖြင့် လေးနှစ်စာချုပ် ရှိသည့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ဘဏ္ဍာရေးအခက် အခဲကြောင့် ယခုနှစ် ဘောလုံး ရာသီအကုန်တွင် ရောင်းချရန် သို့မဟုတ် စာချုပ်ဖျက်သိမ်းရန် စီစဉ်လျက်ရှိသည်။             

 သူရိန်







အခြားဆက်စပ်သတင်းများ