နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန်ချိန် ၂,၂၀၀ကျော် တင်ပို့

ရန်ကုန်၊ ဧပြီ ၂၃

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပျားရည် မက်ထရစ် တန် ၂,၂၀၀ ကျော် တင်ပို့နိုင်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေး မြူမှုဖွံ့ဖြိုးရေးဌာနခွဲ (နေပြည်တော်)ထံကသိရသည်။

ယင်းသို့ တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၁၅၀၀ ကျော် ဖြင့် အများဆုံးတင်ပို့ထားပြီးတရုတ်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံသို့ နှစ်စဉ် ပျားရည် တန်ချိန် ၂၀၀ ခန့် တင်ပို့နေ ရကြောင်း သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ ဆီးပျားရည်၊ နေကြာပျားရည်၊နှမ်းပျား ရည်နှင့် ပန်းပေါင်းစုံပျားရည်တန်ချိန် ၃၀၀ ခန့်ထွက်ရှိပြီးအဆိုပါ ပျားရည် များသည် ပြည်တွင်းစားသုံးမှုနှစ်စဉ် တန်ချိန် ၁၀၀ ခန့်ရှိကြောင်း သိရ သည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ် သော ပျားမွေးမြူမှုအဓိကဒေသ ဖြစ်သည့် မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပျားမွေးမြူရေးစခန်း ခြောက်ခုနှင့် ပုဂ္ဂလိက ပျားမွေးမြူသူ ၇၈ ဦးရှိပြီး ပျားအုံပေါင်း ၁၃၀၀၀ ကျော်ရှိကာ ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်နှင့် ဆီးပျားရည်သည် ၆၀ ရာခိုင်နှုန်း၊ ပန်းပေါင်းစုံပျားရည်သည် ၁၀ ရာခိုင်နှုန်းထွက်ရှိပြီး ပြည်ပတင် ပို့မှုတွင် နေကြာပျားရည်သည် ဈေးနှုန်း အများဆုံးရရှိကြောင်း သိရသည်။







(008)






အခြားဆက်စပ်သတင်းများ