နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပါး ကစားသမား ဆွန်ဟောင်မင် မျက်ခုံးဒဏ်ရာ ခွဲစိတ်ကုသမှုခံယူရမည်

နိုဝင်ဘာ   ၄

ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မာဆေးအသင်းနှင့် စပါးအသင်းတို့ ကစားခဲ့သည့် ပွဲစဉ်တွင် မျက်ခုံးထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ကွင်းလယ်ကစား သမား ဆွန်ဟောင်မင်အနေဖြင့် ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ် ကြောင်း စပါးအသင်းကထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါပွဲစဉ်တွင် ဆွန်ဟောင် မင်သည် ပထမပိုင်း ပွဲချိန် ၂၉ မိနစ်တွင် မာဆေးအသင်း ခံစစ် ကစားသမား မီအမ်ဘာ၏ ခေါင်းနှင့်တိုက်မိရာမှ ဘယ်ဘက် မျက်ခုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသင်းဖော် ကစားသမားဘစ်ဆူး မားနှင့် လူစားလဲထွက်ခွာခဲ့ရ သည်။

“အသင်းအနေနဲ့ နိုင်ပွဲရရှိခဲ့ ပေမယ့် ကွင်းလယ်ကစားသမား ဆွန်ဟောင်မင်ကတော့ ပထမ ပိုင်းမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူရမှာပါ။ သူ့အနေနဲ့ ဘယ်ဘက်မျက်ခုံး ခွဲစိတ်ရမှာဖြစ်ပေမယ့် စိုးရိမ် စရာအခြေအနေတော့ မရှိပါဘူး။ ဒဏ်ရာခွဲစိတ်ပြီးရင် ဘယ်လောက် အနားယူရမလဲ ဆိုတာတော့ အသင်းဆေးအဖွဲ့အနေနဲ့ ထုတ် ပြန်ပေးသွားမှာပါ”ဟု စပါး အသင်း တာဝန်ရှိသူများကပြော သည်။ အသက် ၃၀ နှစ်အရွယ်ရှိ ဆွန်ဟောင်မင်သည် စပါး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၃၄၄ ပွဲ ကစားထားပြီး သွင်းဂိုး ၁၃၆ ဂိုး သွင်းယူကာအသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်း ပြသနေသူဖြစ်သည်။         

သူရိန်






အခြားဆက်စပ်သတင်းများ