နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုတိယမြို့တော်ဝန် ဦးညီညီ ဒလမြို့နယ် ရေရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းညှိနှိုင်းဆောင်ရွက်

ရန်ကုန်  ဇန်နဝါရီ  ၁၃


ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင် ဒေါက်တာဇော်ဝင်း၊ ကော်မတီ ဝင် ဒေါက်တာငွေစန်းနှင့်တာဝန် ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းက တွံတေးမြို့နယ်၊ တွံတေး-ဒလ ကားလမ်းပေါ်ရှိ ရန်ကုန် ပေါက်ကျေးရွာအနီး ရေပေးဝေရေးစခန်းသို့ သွား ရောက်၍ ဒလမြို့နယ်သို့ရေပေး ဝေရေး အခြေအနေများ၊ ရန်ကုန် ပေါက်၊ ကျိုက်သလဲ ရေနက် ကွင်း ငါးမွေးမြူရေးစခန်းသို့ ရောက်ရှိပြီး မြေဧက ၁၂၃ ဧက အပေါ်၌  မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ဆောင်ရွက်မည့် ဒလ မြို့နယ် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ (Final Disposcal Site) တည်ဆောက်ရန်မြေပြင် ဆောင်ရွက်နေမှု အခြေအနေ များ၊ ဒလ-တွံတေးကားလမ်း၊  အုန်းပင်ချောင်း တံတားအနီး   မူလကွန်ကရစ်ပိုက်အစား 630 mm HDPE Pipe အစားထိုး လဲလှယ်နေမှု အခြေအနေများ နှင့် ဒလမြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၌ ဒလမြို့နယ် စံပြရပ်ကွက် ဆောင်ရွက်မည့် ဗညားဒလရပ်ကွက်၏ အခြေ အနေများကို စစ်ဆေးကြည့်ရှုပြီး  လိုအပ်သည်များ ဖြည့်ဆည်းပံ့ပိုး ပေးသည်။


ရှေးဦးစွာ ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် တွံတေးမြို့နယ်၊ တွံတေး-ဒလကား လမ်းပေါ်ရှိ ရန်ကုန်ပေါက် ကျေးရွာအနီး ရေပေးဝေရေးစခန်းသို့ ရောက် ရှိရာ ရှင်းလင်းဆောင်အတွင်း၌ စခန်းတာဝန်ခံ ဦးတိုးတိုးအောင် နှင့် အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု) ဌာနမှူး ဦးမြင့်ဇော် သန်းတို့က ဒလမြို့နယ်သို့ ရေ ပေးဝေလျက်ရှိသည့် အခြေ အနေများ၊ Nano Filter ဖြင့် ရေသန့်စင်မှုစနစ် စမ်းသပ် တပ်ဆင် သုတေသန ဆောင်ရွက် နေမှု၊ ရေတွန်းစက်ရုံနှင့်ဂါလန် တစ်သိန်းဆံ့ ရေစုကန်နှစ်ကန် နှင့် ရေသန့်စင်စက်ရုံ တည် ဆောက်ပြီးစီးမှုအခြေအနေများ ကို မြေပုံကားချပ်များနှင့်တကွ ရှင်းလင်းတင်ပြရာ ဒုတိယ မြို့တော်ဝန် ဦးညီညီက တင်ပြ ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 


အဆိုပါ ရန်ကုန်ပေါက် ရေပေးဝေရေး စခန်းသည် ၁၀ ဒသမ ၇ ဧကပေါ်၌ ၁၂ လက်မ အဝီစိတွင်း လေးတွင်း၊ ၁၀ လက်မ အဝီစိတွင်းရှစ်တွင်း၊ ရှစ် လက်မ အဝီစိတွင်း တစ်တွင်း နှင့် ၁၀ လက်မ မိုးရေစုတွင်း ခုနစ်တွင်းတို့မှ ရေဂါလန်တစ်သိန်း  ဆံ့ ရေစုကန်မှတစ်ဆင့်ရေတွန်း စက်များဖြင့် ဒလမြို့နယ်သို့ နေ့စဉ် ရေဂါလန်တစ်သန်း ဖြန့်ဖြူး ပေးလျက်ရှိကြောင်း၊ ယခုအခါ ရေသန့်စင်မှု ဆောင်ရွက်မည့် အဆောက်အဦအတွင်း စက် များ တပ်ဆင်ပြီးစီးရာ အဝီစိ တွင်းများနှင့် မိုးရေစုတွင်းမှ ရေများအား Nano Filtration System ဖြင့် Sand Filter တွင် သန့်စင်ပြီးနောက် CNT (Clean and Treat) System သုံးစနစ်ဖြင့် တစ်ခုလျှင် ရေဂါလန် နှစ်သိန်းခွဲဖြင့် တစ်ရက်လျှင် ယူနစ် လေးခု ရေဂါလန်တစ်သန်း  သန့်စင်ပြီး ဒလမြို့နယ်အတွင်း ရပ်ကွက်များသို့ ရေပေးဝေသွား နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တွံတေးမြို့နယ်၊ ရန်ကုန်ပေါက် ကျိုက်သလဲ ကျေးရွာ ရေနက်ကွင်း ငါးမွေးမြူ ရေးစခန်းသို့ရောက်ရှိပြီး မြေ ဧက ၁၀၉ ဒသမ ၉၃ ဧက အပေါ်၌  မြို့ပြပတ်ဝန်းကျင်  ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနက ဆောင်ရွက်မည့် ဒလ မြို့နယ် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ (Final Disposcal Site) တည်ဆောက်ရန် မြေပြင် ဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးရာတွင် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနက ဌာနမှူး ဦးချိုထွန်းအောင်နှင့် တာဝန်ရှိသူများက ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ ကို ရှင်းလင်းတင်ပြရာ ဒုတိယ မြို့တော်ဝန်က လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။ အဆိုပါ ၁၀၉ ဒသမ ၉၃ ဧကအပေါ်တွင်  စီမံခန့်ခွဲရေး  အဆောက်အဦ၊ အမှိုက်အလေး ချိန် ချိန်တွယ်သည့် စက်၊  ယာဉ် အဝင်၊ အထွက် လမ်းများ၊  ရေနုတ်မြောင်းများ၊ မြေထိန်း နံရံများ၊ ဓာတ်ငွေ့ထုတ်သည့်  ပိုက်များ၊ဦးညီညီမှ

ရေဆိုးစွန့်ထုတ်မှု ပိုက်များ၊ ရေဆိုးပြုပြင် သန့်စင်သည့်စနစ်၊ မိုးရေသိုလှောင်ကန်နှင့် ရေဆိုး စုစည်းသည့် ကန်များ၊ ကားရေ ဆေးခုံနှင့် ပန့်များတပ်ဆင်ခြင်း နှင့် ခြံစည်းရိုးခတ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


ထိုမှတစ်ဆင့် ဒုတိယမြို့တော် ဝန်နှင့်အဖွဲ့သည် ဒလရေပေးဝေ ရေး လုပ်ငန်းအတွက် တွံတေး-ဒလ  ကားလမ်းဘေးရှိ အုန်းပင် ချောင်းတံတားအနီး မူလ ကွန်ကရစ်ပိုက်အစား 630 mm HDPE Pipe  ဖြင့် လဲလှယ်နေမှု ကို ရောက်ရှိစစ်ဆေးရာ သက် ဆိုင်ရာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများနှင့် ပတ် သက်၍ ဒုတိယမြို့တော်ဝန်က သတ်မှတ်ချိန်အတွင်း ပြီးစီးရေး နှင့် ယာဉ်အန္တရာယ်ကင်းရှင်း ရေးတို့ကို ဂရုစိုက်ဆောင်ရွက် သွားရေးမှာကြားပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။ 


ဆက်လက်၍ ဒုတိယ မြို့တော်ဝန်နှင့် အဖွဲ့သည် ဒလမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ ရောက် ရှိရာ အစည်းအဝေးခန်းမ၌ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူး ဦးကျော်အောင်က   ဒလ မြို့နယ်အတွင်း စည်ပင်သာယာ လုပ်ငန်းများ ဆောင်ရွက်ထား ရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြပြီးနောက် စံပြရပ်ကွက် အဖြစ် ဆောင်ရွက်မည့်ဗညား ဒလရပ်ကွက်ကို စံပြရပ်ကွက် အင်္ဂါရပ်နှင့်အညီ ဆောင်ရွက် ထားရှိသည့် အခြေနေများကို  ရှင်းလင်းတင်ပြရာ ဒုတိယ မြို့တော်ဝန်က ပန်းခြံအတွင်း အများသုံးသန့်စင်ခန်း ထားရှိ သွားရေး၊ ကလေးအားကစား ကိရိယာများ ထည့်သွင်းထားရှိ ရေး၊ ဈေးများသန့်ရှင်းသာယာ သပ်ရပ်ရေး၊ ဈေးရောင်း၊ ဈေးဝယ်များ စနစ်တကျရှိစေ ရန်နှင့် သန့်ရှင်းသပ်ရပ်ရေး ကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားပြီး တင်ပြချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။

သတင်း-မိုးဝေ

ဓာတ်ပုံ-မိုးမြင့်မောင်/ဉာဏ်လင်းထက်






အခြားဆက်စပ်သတင်းများ