နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ လေဘေးသင့် အိမ်ထောင်စုများကို ထောက်ပံ့

ဘိုကလေး စက်တင်ဘာ ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မဂူကျေးရွာအုပ်စု၊ ပိုးလောင်းချောင်းတွင်းကျေးရွာတွင် စက်တင် ဘာ ၂၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်း တိုက် ခတ်မှုကြောင့် နေအိမ်တစ်လုံး ပြိုကျပျက်စီးခြင်းနှင့် စက်တင်ဘာ ၂၃ ရက်တွင်လည်း အလားတူ လေပြင်းတိုက်ခတ်မှုကြောင့်ချောင်း ဗြဲကြီးကျေးရွာအုပ်စု၊ ချောင်းဗြဲကြီးကျေးရွာတွင် နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ရာ ၎င်းလေဘေးသင့် အိမ်ထောင်စု ဝင်များ၏ လက်ဝယ်အရောက် စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသည်။


ထောက်ပံ့ရာတွင် လေဘေးသင့်အိမ်ထောင်စု တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေတစ်သိန်းကျပ်၊ ခုနစ်ရက်စာ ဆန်ရိက္ခာထောက်ပံ့ငွေများနှင့် Surgical Mask များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)






အခြားဆက်စပ်သတင်းများ