နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဏာသိမ်းနိုင်ငံကနေ ထွက်ခွာလာနိုင်ပြီဖြစ်တဲ့ မော်ရိုကို ဘောလုံးအသင်း

စက်တင်ဘာ ၈


ဂီနီယာနိုင်ငံမှာ တနင်္ဂနွေနေ့ က ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုကြောင့် ဂီနီယာနဲ့ မော်ရိုကို အသင်းတို့ ကစား ကြမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲဟာ ရွှေ့ဆိုင်းခဲ့ရပါတယ်။ 


အာဏာသိမ်းမှု  ဖြစ်ပွားချိန် မော်ရိုကို ဘောလုံးအသင်းဟာ ဂီနီယာ နိုင်ငံကို ရောက်ရှိနေကာ ပွဲကြို လေ့ကျင့်မှုတစ်ကြိမ်သာ ပြုလုပ်ထားရ ပြီး သူတို့ရဲ့  လုံခြုံရေးကိုစိတ်ပူသူတွေရှိလာခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်း မှုကြောင့် မော်ရိုကို ကစားသမားတွေ ဟာ သေနတ်သံဆူညံတဲ့မြို့က ဟိုတယ် ထဲမှာ ပိတ်မိနေခဲ့ကြပါတယ်။


အာဏာသိမ်း  လက်နက်ကိုင် အဖွဲ့အစည်းဟာ ဂီနီယာသမ္မတကို ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီး ပြည်ပ ခရီးသွားလာမှုကို တစ်ပတ် ကန့်သတ် ပိတ်ပင်လိုက်တယ်လို့ ကြေညာသွားခဲ့ ပါတယ် ။

ဒါပေမယ့် မော်ရိုကိုအသင်းကတော့ ဟိုတယ်ကနေ လေဆိပ်ကို အရောက် သွားကာ ဂီနီယာကနေ ထွက်ခွာ နိုင်ခဲ့ပါတယ်။ မော်ရိုကိုအသင်းမှာ ဥရောပအခြေစိုက် ကစားသမားတွေ ဖြစ်တဲ့ ဖီအိုရင်တီးနားက အမရာဘတ်၊ ယူဆပ်မာလတ် ၊ PSG နောက်ခံလူ ဟာခီမီ၊ မူနီယာအယ်ဟာဒီတို့ ဟာ  လက်ရွေးစင်အသင်းနဲ့အတူ လွတ်မြောက် ခဲ့ကြတယ်လို့ သိရပါ တယ်။ 


ဂီနီယာ   ဘောလုံးအသင်း ဟာ နိုင်ငံအတွင်းကနေ ထွက်ခွာဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ သိရပြီး သူတို့ ပြန်ကစားနိုင်မယ့် နေ့ရက်ကို တော့ ပြန်လည်သတ်မှတ်ရခြင်း မရှိသေးပါဘူး။   မော်ရိုကိုဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာဖရိကဇုန်ရဲ့ အုပ်စုI မှာဂီနီယာ၊ ဂီနီယာဘစ်ဆူ၊ ဆူဒန်တို့နဲ့အတူ ကျရောက်ခဲ့ပြီး ပွဲစဉ် ၁ ပွဲသာ ကစားထားရသေးတယ်လို့ သိရပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ